Part 75*

13K 755 10
                                        

အခုဆိုရင် ကလေးတွေက ကျောင်းတက်ရတာ ၅လနီးပါးရှိပြီမို့ နေသားကျနေပြီဖြစ်သည်။ Jackကလည်း Miaလေးကိုဘဆတ်ဆတ်ထိမခံ၊စိတ်တိုလွယ်တဲ့သူတစ်ယောက်အဖြစ် တွေ့လာရသည်။ နောက်တစ်ခုက Jackဟာ ကျွန်တော်နဲ့ တူသည်ဟု ပြောရမည်။

အိမ်မှာဆိုရင်တော့ ပုံမှန်အတိုင်းဆိုပေမယ့် ကျောင်းရောက်ရင် အေးစက်စက် ပုံစံဖြစ်သွားတတ်သည်။ လုပ်ချင်တာကို လုပ်လိုက်ရမှ ကျေနပ်သည့် လူမျိုး၊ ပိုဆိုးသည်က ကျွန်တော်ကိုယ်တိုင် လွန်ခဲ့တဲ့ တစ်လလောက်ကမှ နှစ်ယောက်လုံးကို တိုင်ကွမ်ဒို သင်တန်းပို့ထားသည်ကြောင့် တက်သင့်သလောက် တက်နေပြီဖြစ်သည်။

ဒီနေ့တော့ စနေနေ့ဖြစ်တာကြောင့် မိသားစုကိုအချိန်ပေးဖို့ စဉ်းစားထားသည်။ ဖြစ်ချင်တော့ ငယ်က မနက်အိပ်ရာနိုးကတည်းက ခေါင်းတွေကိုက်ကာ အိပ်ရာက မထနိုင်သေး

"ဒယ်ဒီ"

"ဗျာ"

"ပါးပါး ခေါ်နေတယ်"

"ဟုတ်ပြီ ဟုတ်ပြီ ဒယ်ဒီလာပြီ၊ သား Miaလေးကိုခေါ်ပြီး ရုပ်ရှင်သွားကြည့်လိုက်နော်"

"ဟုတ် ဒယ်ဒီ"

ငယ်ခေါ်နေတာကြောင့် လုပ်လက်စအလုပ်တွေက ထားခဲ့လိုက်ပြီး ကယ့်နား လာလိုက်သည်

"ငယ် မောင့်ကို ခေါ်တယ်ဆို"

"အင်း ငယ့်နားမှာ ခနထိုင်ဉီး"

"မသက်သာဘူးလားငယ်၊ မောင် ဆရာဝန်ခေါ်လိုက်မယ်လေ"

"မောင်.....မောင့်ယောက်ျားက ဆရာဝန်တစ်ယောက်ဆိုတာ မေ့နေတာလား"

"မဟုတ်ဘူးလေ မောင်က ငယ် မထနိုင်ဘူးဆိုလို့လေ"

"ဆေးလည်းသောက်ထားပြီးပြီ ညနေဆို အဆင်ပြေသွားလိမ့်မယ်"

"ဟူးးးး ငယ် အဆင်ပြေရင် ပြီးရော"

"မောင့်လက်လေးပေးဉီး၊ မောင့်လက်လေး ကိုင်ပြီး အိပ်ချင်လို့"

"ဟားးးးး မောင့် အချွဲလေး"

ထိုစဉ် Ring~~~Ring~~~~

"Hello. ..."

"Boss Companyကို ခနလာမှရမယ်ထင်တယ်"

"ဘာလို့လဲ ဒီနေ့ ငါနားဖို့ ပြောထားတာလေ"

ချစ်ခြင်း အစပျိုးရာ S1❤(Complete)Onde histórias criam vida. Descubra agora