Part 20*

25.6K 1.6K 41
                                    

မောင်က လူမြင်ကွင်းရောက်လည်း အပြောအဆို မရှောင်၊ အခုလည်း ကန်တင်းမှာ သူများတွေ ကွက်ကြည့် ကွက်ကြည့်လုပ်နေတာတောင် ဂရုမစိုက် ကျွန်တော့်မျက်နှာကိုပဲ မေးထောက်ပြီး ကြည့်နေတာကြောင့် နေရခက်လာသည်။

"မောင်"

"ဟင်"

"သူများတွေ ရှိနေတယ်လေ ဘာလို့ မေးထောက်ပြီး ကြည့်နေတာလဲ "

"ငယ့်ကို မြတ်နိုးလို့ မြင်ကွင်းထဲကနေ ပျောက်သွားမှာတောင် ကြောက်နေမိတယ် ငယ်"

"ရော်.....ဘာတွေ တွေးပြီး စိတ်ပူနေပြန်ပြီလဲ"

"မပြောတတ်ဘူး မောင် စိတ်က အဲ့လိုပဲ ဖြစ်နေလို့"

"ငယ်က ဘယ်ကိုသွားမှာ မို့လို့လဲ ငယ် ဘယ်မှ မသွားဘူး အဲ့လိုကြီး မေးထောက်ပြီး မကြည့်နဲ့ ငယ် မနေတတ်ဘူး"

"အင်းပါ ပြီးပြီလား"

"အင်း"

"အဲ့တာဆို သွားရအောင်"

..............................

အလုပ်တွေ လုပ်ရင်း နှစ်ယောက်သား တွေ့ချိန်က ညဘက်တွေမှသာ တွေ့ရတဲ့အချိန်လေးမှာတော့ မောင်က ကျွန်တော့်ကို ပျော်အောင်ထားသည်။ နည်းနည်းလေးမှ အထိခိုက်မခံ တခုခုဆို သူလုပ်ပေးရမှ ကျေနပ်သည်။

"ငယ်"

"Companyရောက်ပြီလား မောင်"

"အင်း အခုပဲရောက်တာ မောင် အစည်းအဝေးရှိလို့ ဒီနေ့ ငယ့်ဆီလာလို့မရဘူး ငယ် ထမင်းပုံမှန်စားနော် မောင်မလာလည်း မမေ့နဲ့"

"အင်းပါ ငယ် အချိန်မှန်စားပါ့မယ်"

"ဒါပဲနော် ငယ် တခုခုဆို မောင့်ကို ဖုန်းဆက်နော်"

"ဟုတ်ပါပြီမောင်ရယ်"

လူနာတွေကို လှည့်ပတ် စစ်ဆေးနေတုန်း....

"ဆရာခန့်"

"ကျွန်တော် ဒီမှာ"

"ဆရာ့ကို လူတစ်ယောက်က တွေ့ချင်လို့တဲ့"

"ဟုတ်လား ဘယ်မှာတဲ့လဲ"

"ဆေးရုံအုပ်နားနေခန်းမှာ"

"ဆရာ သွားလိုက်ဉီးမယ်"

"ဟုတ်ကဲ့ ဆရာ"

ကျွန်တော့ကို လာတွေ့သူက လူနာမိသားစုဝင်တွေအပြင် အပုိမရှိ၊ ဆေးရုံအုပ်ရဲ့ နားနေခန်းကနေတောင် စောင့်နေသည်ကြောင့် ဘယ်ကမှန်း မသိပေမယ့် အာဏာရှိတဲ့ တစ်ယောက်ယောက် ဖြစ်မည်ဟု တွေးလိုက်သည်။ အခန်းရှေ့ရောက်တော့ တံခါးကိုခေါက်ကာ ဝင်လိုက်သည်။

ချစ်ခြင်း အစပျိုးရာ S1❤(Complete)Donde viven las historias. Descúbrelo ahora