Part 12*

31.7K 2.1K 32
                                        

"ဟို...ဒါနဲ့ ကျွန်တော့်ကို အကုိ့နားနေခန်းလေး ပြောပြပါလား ကျွန်တော်ပဲ သွားတွေ့လိုက်မယ်"

"အော် အဲဒါက**********"

"ဟုတ် ကျေးဇူး အကုိ"

"ရတယ် ရတယ်"

နက်ရှိုင်းသူသည် ထိုင်နေမည့်အစား ခန့်ညားပိုင်ရဲ့ နားနေခန်းသို့ မေးလိုက်ကာ ထွက်လာခဲ့သည်။ အခန်းရှေ့ရောက်တော့ တံခါးခေါက်ပေမယ့် ဘာသံမှ မကြားရတာကြောင့် တံခါးဖွင့်၍သာ ဝင်လိုက်သည်။ အခုလို လုပ်တာကဘမကောင်းဘူးဆိုပေမယ့် အရေးကြီးဆုံးဖြစ်တဲ့ ငယ့်ကို ချော့ရဉီးမည်မဟုတ်လား။

နှစ်ထပ်ကုတင်ရဲ့ အောက်ထပ်မှာ ကွေးကွေးလေး အိပ်ပျော်နေတဲ့ ခန့်ညားပိုင်အား ကြည့်ရင်း မျက်နှာမှာ အပြုံးတစ်ပွင်​့ ပေါ်လာပြန်သည်။
ဆံပင်ကို ဖွရုံသာ လုပ်လိုက်ပေမယ့် သတိရှိနေတတ်တဲ့ ခန့်ညားပိုင်မှာ ဇာတ်ခနဲ ထ ထိုင်လေသည်။

" မင်း!!"

"မောင့်ကြောင့် နိူးသွားတာလား Sorry"

"ဒီကို ဘာလာလုပ်တာလဲ"

"ငယ့်ကို လာခေါ်တာလေ ဒီနေ့နားရက်ဆို"

"မလိုက်ဘူး မင်းဘာသာ မင်းပြန်"

"မနေ့က ကိစကြောင့် မောင့်ကို စိတ်ဆိုးနေတာလား"

". ........."
ဘာမှ ပြန်မဖြေပုံ ထောက်ရင် တကယ် စိတ်ဆိုးနေသည် ထင်ပါရဲ့

"မနေ့က ကိစအတွက် အရင်ဆုံး မောင်တောင်းပန်တယ် မောင် မေ့သွားတာ မဟုတ်ပါဘူး မောင့် သူငယ်ချင်းတွေက အတင်းတိုက်တော့ သောက်ဖြစ်သွားတာ မောင်လည်း အဲ့လောက်ထိ ဖြစ်သွားမယ် မထင်ခဲ့ဘူး နောက် မဖြစ်စေရဘူး ေမာင် ကတိပေးတယ်"

"မင်းဘာသာ မင်း ဘာလုပ်လုပ် ငါနဲ့မဆိုင်ဘူး"

"ငယ် စိတ်ဆိုးနေတယ်လေကွာ"

"မင်း ဘာသာမင်း မအားရင်လည်း မအားကြောင်း ဖုန်းဆက်ပြီး ပြောလည်းရတယ် ရတယ် နောက်ခါ လာလည်း မကြိုနဲ့ ပို့လဲ မပို့နဲ့ မလိုဘူး မင်း ကိစတွေကိုသာ မင်း ပြီးအောင်လုပ်"

"ငယ် မောင်တောင်းပန်ပါတယ် မောင် ဒီတစ်ခေါက်ဖြစ်တာက ပထမဆုံးနဲ့ နောက်ဆုံးအကြိမ် ဖြစ်စေရမယ် မောင် တကယ် ကိတိပေးတယ်"

ချစ်ခြင်း အစပျိုးရာ S1❤(Complete)Dove le storie prendono vita. Scoprilo ora