Part 56*

18.5K 1K 20
                                        

ကျွန်တော်တို့နှစ်ယော​က် လက်ထပ်ပဲွဲပီးကတည်းက လုပ်လိုက်ရတဲ့အလုပ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက် တွေ့ဖို့ကိုပင် တေယ်တော် အချိန်ယူရသည်။ အခုတော့ ငယ်နဲ့တူတူ ထမင်းစားဖို့အတွက် ငယ့်ဆေးရုံကို လာတော့ ငယ်က Operationတစ်ခု လုပ်ပေးနေသည်။

ဒါကြောင့် ကျွန်တော်လည်း ဘေးပတ်ဝန်းကျင်မှာ လမ်းလေးလျှောက်ပြီး ငယ့်ကို စောင့်နေမိသည်။ ဒီဆေးရုံမှာ ငယ် တာဝန်ကျပြီးကတည်းက အစစအရာရာ လိုလေသေးမရှိအောင် ကျွန်တော် ဖြည့်ဆည်းပေးသည်။
ငယ်ကို စောင့်ရှောက်ဖို့ Chrisကို ငယ့်အနား ထားထားရသည်။

ငယ်က တခါတလေ ခေါင်းအရမ်းမာတတ်ပေမယ့် တခါတလေကျရင်လည်း ကျွန်တော့်ကို ချွဲရတာ သဘောကျတဲ့ သူ ဖြစ်သည်။ ကိုက်တတ်တဲ့ အကျင့်ကလည်း မပျောက်သွား၊ ကိုက်လိုက်ရမှ နေသာ ထိုင်သာ ရှိသည်တဲ့။ ချစ်တော့လည်း အသားနာပါစေ ချစ်ရသူ စိတ်ကျေနပ်ဖို့က အဓိကသာ ဖြစ်သည်။

ကျွန်တော် လမ်းလျှောက်နေတုန်း ငယ်က အခန်းတစ်ခုထဲက ထွက်လာတာ တွေ့လိုက်သည်။ ငယ့်အနောက်မှာတော့ ငယ့်ရဲ့ လက်ထောက်တွေဟာ ငယ်ပြောသမျှ စာအုပ်လေးနဲ့ မှတ်နေကြသည်။ ခနကြာတော့ ငယ်က ကျွန်တော့်ကို မြင်သွားပြီး မျက်လုံးလေးပါ အရောင်တောက်လာသည်။ကျွန်တော်လည်း ငယ့်ကို ပြန်ပြုံးပြရင်း ဘေးမှာ ​စောင့်နေလိုက်သည်။

ရှင်းပြစရာတွေ ပြီးသည်နှင့် ငယ်က ပြေးကာ ကျွန်တော့်နားရောက်လာတော့ ရင်ခွင်ထဲ ပစ်ဝင်လာတဲ့ ငယ့်ဟာ အလိုက်သင့်ဖက်ကာ ပွေ့ထားလိုက်သည်။

"မောင့်ကို ​ေတွ့ရတော့ ​ေတာ်တော် ပျော်သွားလား ငယ်"

"အင်း ပျော်တယ်၊ အခုမှပဲ ပင်ပန်းတာတွေ ပျောက်တော့တယ်"

"ငယ် ဆေးရုံမှာ မရှက်ဘူးလား"

"ဘာလဲ မောင် ရှက်လို့လား"

"မရှက်ပါဘူးဗျာ ငယ်က လူကြားထဲမှာဆို မနေတတ်တော့ မေးကြည့်တာပါ"

"မောင် ရှိရင်ရတယ် ပြီးရင် မောင်က ငယ့်ယောက်ျားဆိုတာ လူတိုင်းက သိနေတာပဲကို"

"ဟုတ်ပါပြီဗျာ အခု ဘယ်သွားမလဲ ကန်တင်းလား၊ ငယ့် နားနေခန်းလား"

ချစ်ခြင်း အစပျိုးရာ S1❤(Complete)Donde viven las historias. Descúbrelo ahora