ယနေ့ဟာ ငယ်နဲ့ ကျွန်တော့်ရဲ့ Weddingနေ့လေး ဖြစ်သည်။ Weddingနေ့ဆိုလို့ ကြီးကျယ် ခမ်းနားနေတဲ့ ခန်းမကြီးမှာ လုပ်မည့် ပွဲတော့မဟုတ်၊ ငယ်က ထိုသို့ မလုပ်ချင်ကြောင်း ပြောလာတာကြောင့် ကျွန်တော်လည်း အတင်း မတိုက်တွန်းဖြစ်ပဲ ငယ် စိတ်ချမ်းသာဖို့အရေးကြီးသည်ကြောင့် ငယ့်အလိုကျ စီစဉ်ပေးထားသည်။
ဒါကြောင့် Weddingကို ဘုနး်ကြီးေကျာင်းတစ်ခုမှာ ဆွမ်းကျွေးပြီး အများရှေ့ သက်သေထားကာ လက်မှတ်ရေးထိုးဖို့ စီစဉ်ရသည်။
CEOဖြစ်ပြီးနောက် ငယ်က အရင်ကလို အချိန်သိပ်မရတော့၊ ကျွန်တော်လည်း Companyသွားနေရသည်က တစ်ကြောင်းမို့ တွေ့ဖို့ရာ ခက်ခဲလှသည်။
အခုတော့ ရက်ကောင်းရက်မြတ်တစ်ခုကို ရွေးပြီး Weddingကို လုပ်ဖို့ စီစဉ်လိုက်သည်။ ဆွမ်းကျွေးနေ့ဆိုသော်ညားလည်း ငယ်ကတော့ အလုပ်ပင်ပန်းထားသမျှ ဒီနေ့ အတိုးချ အိပ်နေသလား အောက်မေ့ရသည်။ ကျွန်တော် ရေမချိုးခင်ကတည်းက နှိုးခဲ့တဲ့ငယ်ဟာ ကျွန်တော်ထွက်လာသည်အထိ အိပ်ရာပေါ် မှောက်လျက်အိပ်နေတုန်း ဖြစ်သည်။
နှာဖူးအား အနမ်းတစ်ပွင့် ခြွေလိုက်ရင်း
"ငယ် ထသင့်ပြီထင်တယ်နော်၊ Weddingနေ့တောင် အဲ့လောက် အိပ်နေရလား ငယ်ရဲ့ "
"မောင်....ငယ် ပင်ပန်းနေတာနော်"
"မောင်သိပါတယ် အခုတော့ ထပြီး ရေချိုး၊ ပြီးရင် ဆွမ်းကျွေးသွားရမှာလေ ငယ်ရဲ့"
"ဘယ်နှနာရီ ရှိပြီလဲ"
"မနက် ၄နာရီ ထိုးတော့မယ်"
"မထချင်ဘူး"
"ေမာင်ချီသွားမယ် လာခဲ့"
မှောက်လျက်အိပ်နေတဲ့ ငယ့်ကို ဆွဲထူကာ ပွေ့ချီလိုက်ပြီး ရေချိုးခန်းထဲ ပို့ရသည်။ သွားတိုက်ဆေးတွေ ထည့်ပေးကာ ရေချိုးဖို့ ပြင်ဆင်ပေးပြီးနောက်
"မြန်မြန်ချိုးပြီး ထွက်လာနော် ငယ်၊ မနက်ခင်းမို့ အရမ်းအေးနေမယ်"
"အင်း"
ကျွန်တော်တို့်နှစ်ယောက် ဝတ်ဖို့ စီစည်ထားတဲ့ ရှပ်လက်ရှည် နက်ပြာရောင်လေးနဲ့ လုံချည် အကွက်စိပ်လေးကို ကြည့်ပြီး ဆင်တူမို့ ပိုပြီး ပီတိဖြစ်ရသည်။ ရိုးရှင်းလွန်းသော်လည်း ငယ်သဘောအတိုင်းမို့ ကျွန်တော ်သဘောကျသည်။
VOCÊ ESTÁ LENDO
ချစ်ခြင်း အစပျိုးရာ S1❤(Complete)
Romanceငယ်ကလွဲရင် ဘယ်သူ့ကိုမှ အာရုံထဲ ရှိမနေဘူးဆိုတာ ယုံပါ By နက်ရှိုင်းသူ မောင့်အချစ်က ငယ့်အပေါ် စစ်မှန်ပါေစလို့ မျှော်လင့်တယ် By ခန့်ညားပိုင်