ကိုကိုက ကျွန်တော် စားဖို့ဆိုကာ အီကြာကွေးထပ်မှာပေးတာကြောင့် စားနေတုန်း ကိုကို့ကို ကြည့်မိသည်။ လည်ပင်းညောင်းနေလို့ထင် ခနခနအကြောဖြေနေတာကို တွေ့လိုက်သည် ။
မျက်လုံးကို ကြည့်လိုက်တော့ အနည်းငယ် ညိုနေသော မျက်လုံး၊ စုံစမ်းခိုင်းထားတဲ့သတင်းအရ အလုပ်ကိုမဲပြီး လုပ်တတ်တဲ့သူဆိုတာ အခုပုံစံက သက်သေ ဖြစ်သည်။
"အကို ဘာဖြစ်လို့လဲ၊ အကြောပဲ ဆန့်နေလို့ မေးကြည့်တာပါ"
"အော် အဲ့တာ အကျင့်ဖြစ်နေပြီ၊ ဒီလိုပဲ အလုပ်က ပင်ပန်းတော့ တခါတလေ ညောင်းကိုက်တာ"
"ဒါနဲ့ အကို ကျွန်တော်တို့ နာမည် မိတ်မဆက်ရသေးဘူးလားလို့"
"ဟုတ်သားပဲ အကို့နာမည်က ခန့်ညားပိုင်"
"ကျွန်တော်က နက်ရှိုင်းသူပါ"
ပြောလိုက်တဲ့ ခဏတာ လည်ချောင်းထဲ ဝင်ခါနီး လက်ဖက်ရည်ပင် နင်သွားသည်။
"အဟွတ် အဟွတ်"
နက်ရှိုင်းသူလည်း ခန့်ညားပိုင်နား အပြေးသွားကာ ကျောကို ထုပေးတော့သည်။
"ဖြေးဖြေး သောက်ပါ အကိုရယ်"
"မင်း မင်းက.....နက်ရှိုင်းသူ ဟုတ်လား"
"ဟုတ်ပါတယ်"ဆိုကာ ထိုင်နေတဲ့ နေရာနား ပြန်သွားထိုင်လိုက်သည်။
"မှတ်မိပြီလား ကိုကို"
တော်တော်ကြာကြာ စဉ်းစားပြီး မျက်ရည်တွေ ဝဲလာတဲ့ ခန့်ညားပိုင် *ဒီကလေးလေးက သူနဲ့ အတူတူ ငယ်ငယ်က ဆော့ခဲ့တဲ့ ကလေးတဲ့ မမှတ်မိနိုင်တဲ့အထိ ပြောင်းလဲသွားလိုက်တာ ကိုကို့ထက်တောင် အရပ်တွေ ရှည်လို့ အင်းးးးး ငယ်ငယ်ကလိုတော့ မဟုတ်တော့ လူကြီးဆန်လာပြီ*
"ကိုကို ဘာဖြစ်လို့လဲဟင် ကျွန်တော် လာတွေ့တာ မကြိုက်လို့လား"
"မဟုတ်ပါဘူး အကိုလည်း မထင်မှတ်ပဲ ရုတ်တရက်ဆိုတော့ အရင်က ကိစတွေ တွေးမိသွားလို့ပါ"
"ကိုကိုက ကျွန်တော့်ကို မမှတ်မိတော့ဘူးလို့တောင် ထင်တာ နာမည်ကိုတော့ မှတ်ထားသားပဲ ဘယ်လိုလဲ ကျွန်တော် ကတိတည်တယ်မလား ကိုကို"
![](https://img.wattpad.com/cover/238616352-288-k551557.jpg)
ESTÁS LEYENDO
ချစ်ခြင်း အစပျိုးရာ S1❤(Complete)
Romanceငယ်ကလွဲရင် ဘယ်သူ့ကိုမှ အာရုံထဲ ရှိမနေဘူးဆိုတာ ယုံပါ By နက်ရှိုင်းသူ မောင့်အချစ်က ငယ့်အပေါ် စစ်မှန်ပါေစလို့ မျှော်လင့်တယ် By ခန့်ညားပိုင်