Part 33*

18.3K 1.2K 33
                                    

"ငယ်....ငယ် ဟင့်အင်း၊ မဖြစ်ရဘူး မောင့်ကိုကြည့်ကွာ"

"အင့်....မငို...နဲ့လေ မောင်....."

"Boss အခု ဆေးရုံသွားမှ ရမယ်"

"ငယ် ခနပဲ....ခနလေးပဲ တောင့်ခံထားပေး....မောင် တောင်းပန်ပါတယ်ကွာ အားးးးး"
လေးလံနေတဲ့ မျက်ခွံတွေက မမှိတ်ကျရုံတမယ် တင်းထားရတာ မနိုင်ပေတော့၊ စိတ်ကို လွှတ်ချလိုက်မိတော့ အမှောင်ထုကို ရောက်သွားချေသည်။

"ငယ်...မအိပ်ရဘူးကွာ မောင့် ကလေးလေးရေ မောင့်ကို အဲ့လိုကြီး မသတ်နဲ့ကွာ၊ မအိပ်နဲ့နော် ကလေးလေး၊ မျက်လုံးလေး ပြန်ဖွင့်ပါကွာ"

Jameကတော့ ကားကို ဝုန်းဒိုင်းကျဲ မောင်းနေကာ မီးပွိုင့် မိသည်ကိုပင် မရပ်နိုင်၊ လျှပ်တပြက်လို အချိန်အတွင်းမှာ Bossနဲ့ Boss အသညး်အသက်လေးဖြစ်သွားတဲ့ အဖြစ်အပျက်က မျက်လုံးထဲက မထွက်၊ လုပ်ကြံသူမှာ လုပ်ပြီးသည်နှင့် တုန်ယင်ကာ ရပ်နေသည်မို့ Chrisရဲ့ ဖမ်းချုပ်ခြင်းကို ခံလိုက်ရသည်။ အနောက်က Davidမှာလည်း Jameရဲ့ ကားနဲ့ ထပ်ကြပ်မကွာ လိုက်နေတော့သည်။

Jameမှာ Bossခံစားနေရသမျှ မြင်နေကြားနေရသည်မို့ မျက်ရည်ပင် ကျလုမတတ်ဖြစ်လာသည်။

"ကလေးလေးကကွာ.....ဘာလို့လဲ၊ ဘာလို့ မောင့်အစား.....မောင့်ကို ထားခဲ့လို့မရဘူးနော်၊ မောင် ငယ့်နောက်ကို လိုက်လာမှာ တကယ်ကွာ!!! "

လက်ထဲမှာ အိပ်ပျော်နေသည့်အလား ဖြစ်နေတဲ့ ငယ်က အပူအပင် ကင်းမဲ့စွာ အိပ်ပျော်နေတဲ့ ကလေးလေး တစ်ယောက်လို..

"မောင့်ကို မသနားဘူးလားဟင်၊ ကလေးလေး ဘာတွေ စဉ်းစားပြီး အခုလို လုပ်ရတာလဲကွာ မောင့်ကို နောင်တတွေ ရအောင် လုပ်နေတာလား"

ဆေးရုံကိုရောက်တော့ ကြိုတင် ဖုန်းဆက်ထားပြီးသား ဖြစ်တာကြောင့် အားလုံး ရှင်းလင်းလို့နေသည်။ ဆေးရုံရဲ့ အရေးပေါ် ကုတင် တွန်းလှည်းထက် ညင်သာစွာ ချလိုက်ကာ ပူပန်နေရသော စိတ်တို့ကြောင့် ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေသည်။

"ခင်ဗျားတို့....ကျွန်တော့်ရဲ့ ငယ်ကို တခုခု လွဲမှားတာ လုပ်ရင်တော့ ခင်ဗျားတို့ အသေပဲ ဆိုတာ သိထားလိုက်!!!!"

ချစ်ခြင်း အစပျိုးရာ S1❤(Complete)Donde viven las historias. Descúbrelo ahora