Part 43*

17.6K 1K 66
                                        

တစ်ပတ်အတွင်း လေ့လာရသလောက်ကတော့ တစ်ဖက်လူက ​ခြေ​ငြိမ်နေသည်။ ဒါဟာ မကောင်းတဲ့ အခြေအနေတစ်ရပ်မှန်း သိနေသည်။

မောင့်ကို ကြည့်ရတာ အခုနောက်ပိုင်း အပြုံးအရယ် နည်းလာသည်။ ကိုယ့်ဘက်က နှစ်သိမ့်ပေမယ့် မောင်ကတော့ စိတ်ပူနေမှာ သေချာသည်။

ဒီနေ့ဟာ မောင်နဲ့ ကျွန်တော် ချစ်သူသက်တမ်း 1နှစ်ပြည့်သည့်နေ့၊ မောင် မေ့နေမလားလို့ စိုးရိမ်ပေမယ့် ကျွန်တော် အပြစ်မတင်ပါ။ အခုတလော မောင် အရမ်း စိတ်ရှုပ်နေရသည် မဟုတ်လား။

မောင်က ဆေးရုံကို ပို့ပေးခဲ့ပေမယ့် အမှန်တော့ Dutyချိန်မရောက်သေး၊ ဒါကြောင့် Davidကို ခေါ်ကာ တနေရာသို့ အရင်သွားလိုက်သည်။ ထိုနေရာသို့ရောက်တော့ ကျွန်တော် မှာထားသည့်အရာတွေက အဆင်သင့်မို့ ယူပြီသာ ပြန်လာခဲ့သည်။ မောင် ငယ်ပေးတဲ့ လက်ဆောင်ကိုသာ မောင် တွေ့ရင် အရမ်းပျော်မှာ အသေအချာပါပဲ ။

Dutyလည်း ရောက်ပြီမို့ ပစည်းလေးကို လွယ်အိတ်လေးထဲ ထည့်ထားလိုက်သည်။

....................

ဒီနေ့ ငယ်နဲ့ ကျွန်တော့်ရဲ့ 1 Year Anniversary မို့ ငယ့်အတွက် တခုခု လုပ်ပေးရန် စိတ်လှုပ်ရှားနေသည်။ ငယ်ကတော့ မနက်အိမ်က ထွက်ကတည်းက ဒီအကြောင်းအရာကို စကားမပြောဖြစ်တာမို့  မေ့နေတာများလားဟု တွေးမိသည်။ မေ့နေလည်း အဆင်ပြေပါသည်။ ကျွန်တော် မှတ်မိနေဖို့ကသာ အရေးကြီးသည်။

လိုအပ်တာတွေ ပြင်ဆင်စရာ ရှိသည်မို့ ငယ့်ဘေးနားမှာ စောင့်ရှောက်ဖို့ ပြောထားတဲ့ Davidကို ဒီနေ့တရက် ပြန်ခေါ်ဖို့ ဆုံးဖြတ်လိုက်သည်။

"David"

"ပြောပါ Boss"

"ငယ့်ကို ဆေးရုံပို့ပြီးပြီလား"

"ပို့ပြီးပါပြီ Boss"

"ဒါဆို ငါ့ဆီ ခနပြန်လာခဲ့ဉီး စီစဉ်စရာရှိတယ်"

"အဆင်ပြေပါ့မလား"

"တရက်လေးပဲ ဆိုတော့ ရလောက်ပါတယ် ငယ့်ကို Suprise ဖြစ်စေချင်လို့"

"ဟုတ် အဲ့တာဆို ကျွန်တော် အခု လာခဲ့ပါ့မယ်"

"ဟုတ်ပြီ"

ချစ်ခြင်း အစပျိုးရာ S1❤(Complete)Место, где живут истории. Откройте их для себя