Part 64*

14.3K 919 15
                                    

ငယ့်ရဲ့ ဗိုက်ကလေးဟာ အခုဆို ၄လ​ကျော်နေ  နေပြီမို့ ဆူမို့မို့လေးနဲ့ အသည်းယားစရာဖြစ်လာသည်။ တင်းလာတာနဲ့အမျှ ဗိုက်အကြောပြတ်တတ်တာကြောင့် နေ့စဉ်နေ့တိုင်း သံလွင်ဆီလေး လိမ်းပေးဖြစ်သည်။ တခါတရံ ရောက်လာတတ်သော ခြေထောက်လေးကိုလည်း ဂရုစိုက်ရသေးသည်။

ဒီနေ့ ငယ်နဲ့အတူ U. Sမှာ ကလေးမွေးပြီးသည်အထိ ပြောင်းနေမှာမို့ ပြင်ဆင်စရာ ရှိတာ ပြင်ဆင်နေရသည်။ မနက်ဖြန်ဆိုရင် သွားရတော့မှာမို့ လတ်စသတ်စရာလေးတွေကို ပြီးအောင် လုပ်ရသည်။

ကျွန်တော် ​တိုးတိုးတိတ်တိတ် ပြင်ဆင်ပြီး အလုပ်အတွက် အရေးကြီးမည့် Fileတွေ စုစည်းလိုက်သည်။ ငယ်က အိပ်နေတုန်းမို့ မနှိုးပဲ ထားလိုက်သည်။

"Jame အားလုံး အပြီးသတ်ပြီးပြီမလား"

"ပြီးပါပြီ စိတ်ချလက်ချ ထားလို့ရတဲ့ အခြေအနေဖြစ်သွားပါပြီ သူလျှိုတွေလည်း ထည့်ထားတာမို့ အကုိလေး ကလေးကိစတွေ ပြီးသည်အထိ ထိန်းထားနိုင်မှာပါ"

"ကျေးဇူး မင်းတို့ ၄ယောက်ကြောင့်သာ ငါ အခုလို ရှိနေနိုင်တာ၊ ပြီးတော့ မင်းတို့ ငါ့အပေါ်ရော မင်းတို့အကိုလေးအပေါ်ရော သိတတ်မှုအတွက် ​ကျေးဇူးလည်း တင်သလို မင်းတို့အတွက် ထိုက်သင့်တဲ့အရာတွေကိုလည်း ငါစီစဉ်ထားတာမို့ စောင့်ပေးကြပါဉီး"

"Boss ကျွန်တော်တို့ အစောကတည်းက ပြောပြီးသားပါ၊ ကျွန်တော်တို့ Bossအနားမှာ နေတယ်ဆိုတာ Bossဆီက တစ်စုံတစ်ခု မျှော်လင့်ပြီး နေတာ မဟုတ်ပါဘူး၊ ကျွန်တော်တို့ကို ကျွေးမွေးစောင့်ရှောက်ပေးထားတဲ့ ကျေးဇူးကိုတောင် ကျွန်တော်တို့ ဆပ်လို့ ကြေပါ့မလား မသိသေးဘူး၊ သေချာတာတစ်ခုကတော့ ကျွန်တော်တို့ အသက်​သေ သွားသည့်တိုင်အောင် Bossတို့နှစ်ယောက်ကို ကာကွယ်စောင့်ရှောက်နေဉီးမှာပါ"

"ဟုတ်ပါတယ်၊ Bossသာမကဘူး အကိုလေးကလည်း ကျွန်တော်တို့ကို ချစ်ပေးပြီး ဂရုစိုက်ပေးတာမို့ ကျွန်တော်တို့ တကယ် ပီတိဖြစ်ရပါတယ်"

"မင်းတို့တွေသာ အနားမှာ ရှိနေရင် ရပါပြီကွာ"

"Bossက လျှောက်ပြောပြန်ပြီ၊ အကုိလေးနားရောက်ရင် ကျွန်တော်တို့ကိုတောင် သတိရတော့တာ မဟုတ်ပဲနဲ့"

ချစ်ခြင်း အစပျိုးရာ S1❤(Complete)Hikayelerin yaşadığı yer. Şimdi keşfedin