Part 18*

27.2K 1.7K 48
                                        

မနက်ခင်းဟာ ဖုန်းသံတစ်ခုကြောင့် နိုးလာရသည် ဖုန်းကို ကြည့်လိုက်တော့ 'မောင်'ဆက်သည့် ဖုန်းပင်

"မောင့် ကလေးလေးရေ"

"........."

"ထတော့ Duty 8နာရီရှိတာမလား"

"အင်း"

"ထ​ေတာ ့အခုကတည်းက ပြင်ဆင်ထားမှ မှီမှာပေါ့"

"အင်း ထပြီ"

"ထမင်းချိုင့် မမေ့နဲ့"

"မောင် ဘာလုပ်နေတာလဲ "

"မောင်က အိပ်မလို့ လုပ်နေတုန်း ငယ်.....ငယ်မနိုးမှစိုးလို့ ဖုန်းဆက်လိုက်တာ"

"မောင်ကလည်း တေနောက်နေ့တွေ မနှိုးနဲ့တော့ ငယ် ဘာသာငယ် ထမယ် မောင် အလုပ်ကို ကောင်းကောင်းလုပ် ငယ့်ကို စိတ်မပူနဲ့"

"မောင်က နှိုးပေးချင်တာကို ငယ်ရဲ့ မောင့်မှာ ငယ့် အသံ မကြားရတော့ အိပ်တောင်မပျော်ဘူး"

"လျှောက်ပြောမနေနဲ့ အိပ်တော့"

"ပြွစ် Morning Kissပေးတာ မောင့်ကို Good Night Kissပေးဉီး ငယ်"

"ပြွစ် ရပြီ...အိပ်တော့ အော် ဒါနဲ့ မောင် ပြန်လာရင် မောင့်ကို လက်ဆောင်ပေးစရာရှိတာလဲ"

"ဟုတ်လား ဘယ်သူပေးတာလဲ"

"ဘယ်သူပေးမှာလဲ ငယ် ပေးတာပေါ့"

"ဟုတ်ပါပြီဗျာ မောင် အိပ်ပြီနော်"

"အင်းအင်း"

.......................

2 ပတ်နီးပါး အချိန်အထိ မောင် ပြန်မရောက်လာသေး အလုပ်အဆင်မပြေဘူးလား
မေးတော့ အဆင်ပြေတယ်တဲ့ မှန်ပြတင်းပေါက်ကနေ မိုးစက်လေးတွေ ကျနေတာကြည့်ပြီး စိတ်က ပိုပြီး ဝမ်းနည်းလာသည်။ မောင်နဲ့ နေ့တိုင်း ဖုန်းပြောရပေမယ့် လွန်ခဲ့တဲ့နှစ်ရက်ကစ ဖုန်းလဲ မဆက်တော့ သလို ဖုန်းလည်း မကိုင်တော့ ဘာကြောင့်လဲ လို့ တွေးပူနေမိသည်။

လွမ်းသည် သေမတတ်လွမ်းသည်။ နေ့တိုင်း ကြားနေရတဲ့ အသံကို မကြားရတော့ နေရတာ အဆင်မပြေ တစ်ခုခုများဖြစ်နေပြီလား ဒဏ်ရာတွေများရနေတာလားလို့ စိတ်ပူနေမိသည်။

ဒီနေ့ အလုပ်သွားရသည်မှာလည်း စိတ်နဲ့လူနဲ့ မကပ်သလိုပင် ပစ်ထားသလို ခံစားရလာသည်က အမှန် ပြန်လာမှ ဆူပစ်ဉီးပေမည်။

ချစ်ခြင်း အစပျိုးရာ S1❤(Complete)Where stories live. Discover now