Part 47*

15.5K 1K 6
                                    

ကျွန်တော့် အနာမှာ အရှင်းမပျောက်သေးပေမယ့် ဆေးရုံဆင်းကာ အိမ်မှာပဲ သက်တောင့်သက်သာ နေဖို့ ဆုံးဖြတ်လိုက်သည်။ နောက်တစ်ခုက မောင့်ကို သေချာလေး ဂရုစိုက်ဉီးမည် ဖြစ်တာကြောင့်ပင်။ မောင်ဟာ ကျွန်တော့်ရှေ့မှာ ပြုံးပြနေပေမယ့် စိတ်ကတော့ မလန်းဆန်းနေဘူးဆိုတာ ကျွန်တော် သိသည်။

အရင်က အိပ်ရာ အေးဆေးထတတ်တဲ့ မောင်ဟာ အခုဆို ကျွန်တော် မနိုးခင်ကတည်းက ထနေသည်။ သူကိုယ်တိုင် ရေချိုး ပြင်ဆင်ပြီးမှ မနက်စာအတွက် ပြင်ဆင်ကာ ကျွန်တော် နိုးသည်အထိ ဘေးမှာ ထိုင်စောင့်တတ်သည်။

ကျွန်တော် နိုးလာရင်လည်း ဘာမှ မလုပ်ခိုင်း၊ သူကိုယ်တိုင် မျက်နှာသစ်ပေး ရေချိုးပေးကာ အဂတ်အစား လဲပေးတတ်သည်။ ပြီးမှ ခါးမှ ဒဏ်ရာအား ဆေးထည့်ပေးသည်။

တခါတရံ ဆေးထည့်ရင်း ကျွန်တော် မသိအောင် ငိုသေးသည်။ ကျွန်တော်သာ ပျောက်ကွယ်သွားခဲ့ရင် မောင်ဘယ်လိုများ ဖြစ်သွားမလဲလို့ တွေးမိသည်။

အခုလည်း ထမင်းစားပွဲဝိုင်းမှာ ထိုင်ခိုင်းထားပြီး မနက်စာ ခွ့ံကျွေးနေသည်။

"မောင်"

"ဗျာ"

"မောင်ရော စားလေ"

"စားပါတယ် ငယ်ရဲ့"

"အများကြီး စား"

"ဟူတ်ပါပြီဗျာ"

"မောင်"

"ပြောလေ ငယ်"

"ငယ်လေ ကိစတခုကို မောင် မသိအောင် လုပ်ထားတယ် မောင့်ကို ပြောပြလို့ မောင် စိတ်ဆိုးမှာလဲ စိုးတယ်"

"ငယ်က ငယ့်အတွက် ကောင်းမယ်ထင်လို့ ရွေးချယ်ပြီး လုပ်ခဲ့တာပဲမလား၊ ေမာင် စိတ်မဆိုးပါဘူး၊ မောင့်ကို ထားခဲ့ဖို့ ကြံစည်တဲ့ ကိစမျိုးတွေက လွဲရင်ပေါ့"

"အာ...မောင်ကလည်း အဲ့လို ကိစတွေ မဟုတ်ပါဘူး"

"..........."

"ငယ်လေ ဆေးရုံကနေ အလုပ်ထွက်ထားတယ်"

"ဟင်......ငယ်"

ကျွန်တော့်စကားကိုကြားတော့ မောင်က တအ့ံတသြ....

"ငယ်.....သ​ေဘာကျတဲ့ အရာကို ဘာလို့ ထွက်လိုက်တာလဲ ငယ်ရဲ့"

ချစ်ခြင်း အစပျိုးရာ S1❤(Complete)Donde viven las historias. Descúbrelo ahora