Part 49*

15.3K 1K 9
                                    

ကျွန်တော် ဒီနေ့ အလုပ်သွားရမည့်နေ့ ဖြစ်သည်။ ငယ်ကတော့ မနက်ကတည်းက ကျွန်တော်နဲ့ တူတူ စောစောထကာ ထမင်းတွေ ပြင်ပေးနေသည်။ထပ်အိပ်ဖို့ ပြောပေမယ့်မရ၊ ငယ့် ဒဏ်ရာက ဘာမှ မဖြစ်တော့ပေမယ့် အမာရွတ်ကတော့ အထင်းသား ဖြစ်နေသည်။

Apronကို ဝတ်ပြီး ဟင်းတွေချက်နေတဲ့ ငယ်ဟာ ကျွန်တော် ရောက်နေသည်ကိုလည်း သတိထားမိပုံမပေါ်၊ အနောက်ကနေ ခါးကို ဖက်လိုက်တော့ ကိုယ်လုံးငယ်လေးဟာ တုန်သွားသည်။

"ပြွစ်....မောင်ပါ ငယ်ရယ်"

"လန့်သွားတာပဲမောင်ရာ၊ ဟင်းချက်နေတဲ့စီ အာရုံရောက်သွားတော့ လန့်သွားတာပေါ့"

"ဘာတွေ ပြင်နေတာလဲ"

"ဒါက ကြ က်သားလုံးချိုချဉ်၊ ဒါက ထမင်းစားပြီးရင် အချိုတည်းဖို့ အသီးတွေ ပြီးတော့ ကော်ဖီပါ ထည့်ပေးထားတယ် အများကြီးမသောက်ရဘူးနော်"

"ဟုတ်ပါပြီ"ဆိုကာ တခုပြီးတခုမှာနေတဲ့ ငယ့်ကို ဘေစင်ပေါ် ပွေ့တင်လိုက်သည်။

"မောင်!!!!"

"ငယ် မျက်နှာကို သေချာ ကြည့်ချင်လို့"

"အာ...မောင်ကလည်း အဲ့လိုတော့ မကြည့်နဲ့လေ၊ငယ် မနေတတ်ဘူး"

"ဘာလို့ လက်တွေနဲ့ ကွယ်နေတာလဲ မောင်ကလေးလေးက ချစ်ဖို့ ကောင်းလိုက်တာ"

"မောင်နော်"

"မောင် တကယ်ပြောတာ၊ ကြည့်လေ ကြည့်လေ ကလေးလေးနဲ့ တူလာလေပဲ"

"မောင် ငယ် ၂၉ နှစ်​ကျော်နေပြီနော်"

"အဲ့တော့ မောင်က ဘာလုပ်ရမှာလဲ"

"ဟာ....ငယ် လူကြီးဖြစ်နေပြီဆိုတာ ပြောပြတာလေ"

"ဟုတ်လို့လား"

"မောင်!!!!!"

"ဆိုးတာက ငယ်က မောင့်အတွက် ကလေးလေး ဖြစ်နေတယ် ဘယ်လိုလုပ်မလဲ လူကြီးလို့ကို မမြင်တာ"

"........"

"ချစ်ဖို့ကောင်းတယ် မောင်တော့ အလုပ်တောင် မသွားချင်တော့ဘူး"

"မောင်...ငယ်နဲ့ ကတိပေးထားတာနော်"

"သိပါတယ်ဗျာ ပြွစ်.....မောင့်ကလေးလေးတော့ပျင်းနေတော့မှာပဲ"

ချစ်ခြင်း အစပျိုးရာ S1❤(Complete)Donde viven las historias. Descúbrelo ahora