ကျွန်တော် စိတ်တွေရှုပ်ထွေးနေတဲ့ မောင့်ကို နားလည်ပေးချင်သည်။ နားလည်း နားလည်ပေးသည်။ ထိုကိစတွေကြောင့် ကျွန်တော့်ကိုတောင် မေ့တဲ့အထိဖြစ်တဲ့ မောင့်ကို ကျွန်တော် အပြစ်မဆိုခဲ့။
မောင့်ဘေးမှာ အလိုက်သင့်သာ နေပေးလုပ်ပေးနေခဲ့သည်။ ဒါကို မောင်က နားမလည်သည်လား လုပ်ပေးနိုင်တဲ့အရာလေး လုပ်ပေးနေသည်ကို သူ့အတွက် အရှုပ်သဘော ဖြစ်နေသည်လား။
အေးအေးဆေးဆေး နေပေးလို့ မရဘူးလားတဲ့ နေချင်တာပေါ့ ဂရုစိုက်မခံရတာကို စိတ်ထဲ ထားမိနေမှာစိုးလို့ အဝတ်လျှော်လိုက် ထမင်းဟင်းလေး ချက်ကျွေးလိုက်နဲ့ ဖြေဖျောက်ဖို့ ကြုိးစားထားခဲ့သည်။
ဒါကို မသိကျေးကျွန်ပြုကာ ကျွန်တော့်ကို အော်သည်။ ကျွန်တော့်ဘဝမှာ ဘယ်သူ့ဆီကမှ လေသံမာမာနဲ့ ပြောတာကို မခံခဲ့ရ၊ အခုလိုကြီး ပြောလိုက်တော့ စိတ်ထဲဝယ် တကယ် နေလို့ မကောင်းဆက်လည်း မပြောချင်တော့တာမို့ ရေချိုးခန်းထဲဝင်ကာ အဝတ်တွေကိုစုရင်း အဝတ်လျှော်စက်ထဲ ထည့်လိုက်သည်။
အဝတ်အစားတွေကို အိမ်ဝင်းထဲမှာ လှမ်းရင်း ခြံထဲက ဒန်းလေးပေါ် ထိုင်ကာ အတွေးတွေ နယ်ချဲ့မိသည်။ သေချာသည် ကျွန်တော် မြန်မာနိုင်ငံမှာဖြစ်နေပါက ကျွန်တော် အပြင်တစ်နေရာကို သွားမိလိမ့်မည်။
အခုတော့ နေရာစိမ်း ဖြစ်နေတာကြောင့် ဘာမှ လုပ်လို့ ကိုင်လို့မရ ဝမ်းနည်းလာတဲ့ စိတ်ကို ထိန်းလိုက်ရင်း အိတ်ကပ်ထဲက ဖုန်းကို ထုတ်ကာ သတင်းတွေ ဖတ်ဖို့ ဆုံးဖြတ်လိုက်သည်။
စာဖတ်နေရင်း အချိန်ကို ကြည့်တော့ နေ့လည်ခင်း ထမင်းစားချိန်ပင် ရောက်တော့မည်ဖြစ်တာကြောင့် ရေချိုးလိုက်ကာ ဟင်းတွေ ပြန်နွေးလိုက်သည်။
အခန်းထဲ ဝင်လိုက်တော့ မောင်က အိပ်တုန်းပင် အဝတ်အစားတွေကို ယူထုတ်လိုက်ပြီး တခြား အခန်းမှာ ရေမိုးချိုးလိုက်သည်။ ပြီးနောက် မောင် ထမင်းဆင်းစားမယ့် အချိန်ကိုသာ ထမင်းဝိုင်းမှာ စောင့်နေလိုက်သည်။
..........................
ကျွန်တော် နိုးလာတော့ ငယ့်ကိုမတွေ့တာကြောင့် အိမ်အောက်မှာဖြစ်မည်ဟု တွေးလိုက်သည်။နုံးနေသော စိတ်တို့ လန်းဆန်းလာအောင် ေရချိုးလိုက်ကာ ထမင်းစားချိန်လည်း ရောက်ပြီမို့ ထမင်းစားခန်းထဲ ဉီးတည်လိုက်သည်။
![](https://img.wattpad.com/cover/238616352-288-k551557.jpg)
ŞİMDİ OKUDUĞUN
ချစ်ခြင်း အစပျိုးရာ S1❤(Complete)
Romantizmငယ်ကလွဲရင် ဘယ်သူ့ကိုမှ အာရုံထဲ ရှိမနေဘူးဆိုတာ ယုံပါ By နက်ရှိုင်းသူ မောင့်အချစ်က ငယ့်အပေါ် စစ်မှန်ပါေစလို့ မျှော်လင့်တယ် By ခန့်ညားပိုင်