ကျွန်တော် မှေးခနဲ အိပ်ပျော်သွားတဲ့ချိန် နှလုံးခုန်စက်မှ တီခနဲ မြည်လာတဲ့ အသံကြောင့် ထကြည့်လိုက်တော့ မျဉ်းကြောင်းတွေက တညီတညာတည်း
္* မဟုတ်ဘူး ငယ် ဘာမှမဖြစ်ရဘူး*
ဆရာဝန်တွေ အမြန်ရောက်လာကာ ငယ့်ရဲ့ နှလုံးကို ပြန်နှိုးရန် ကြိုးစားကြသည်။
* နာကျင်လိုက်တာ၊ မောင် ဘယ်လို လုပ်ရမလဲ ငယ်၊ မောင် ရှင်လျက်နဲ့ ငရဲကျနေသလိုပဲ ပြန်နိုးလာရမယ်နော် ငယ်*
အချိန်ကြာမြင့်သည်အထိ မတက်လာတဲ့ နှလုံးခုန်နှုန်းရဲ့နောက် လက်လျှော့သွားရပြီ ဖြစ်သည်။
* ဟင့်အင်း မဖြစ်ရဘူး မောင့်ကို မနောက်နဲ့ ကလေးလေးရေ မောင့်ကို မထားခဲ့ပါနဲ့၊ မောင် လိုက်လာမှာ မောင့်ကလေးလေးနောက် ေမာင်လိုက်ခဲ့မှာလို့*
ကံရဲ့ အကြောင်းတရားလို့ပဲပြောရမလား လက်လျှော့ပြီးကာမှ နိုးထလာတဲ့ နှလုံးခုန်သံလေး
*ငယ် မောင်ငိုနေတာ ကြားရလို့များ နိုးလာတာလား ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ် မောင့် ကလေးလေးရယ်*
.......................2ပတ်ကျော်လာသည်အထိ ခန့်ညားပိုင် မနိုးထလာသေးပေ
*မောင့်ကို အပြစ်တွေများ ပေးနေတာလားငယ်၊အပြစ်ပေးချင်ရင်လည်း ငယ်အရင်နိုးလာပါ၊ အဲ့ချိန်ကျရင် မောင် ငယ်ပေးတဲ့ အပြစ်မှန်သမျှ ခံယူပါ့မယ်၊ ငယ်က အေးအေးဆေးဆေး အိပ်နိုင်ပေမယ့် မောင် အိပ်လို့မရဘူးငယ်၊ မောင့်ကို ချော့သိပ်ပါဉီးလား မောင် ငယ့်ရင်ခွင်ထဲမှာ အိပ်ချင်တယ်*
* ဒေါက်တာကပြောတယ် စောင့်ကြည့်ရတာပေါ့တဲ့ ဟင့်အင်း မောင်က စောင့်ဆိုင်းရတာ မကြိုက်ဘူးငယ်၊ မောင် စောင့်ရမယ့်အလုပ်မလုပ်ချင်ဘူး ဒါပေမယ့် ငယ့်ကိုတော့ မောင် စောင့်နေတယ်နော်*
အသက်ရှူစက် အကူအညီမယူရတော့တဲ့ ငယ့်ကို အနည်းငယ် စိတ်ချရပြီလို့ ပြောလို့ရတယ်မလား
*မောင်က အရင်ချစ်ခဲ့ရသူပါ၊ မောင် ငယ့်ကို ငယ့်ထက် ပိုချစ်တယ်လို့ ပြောခဲ့တယ်၊ အခုတော့ ငယ်က မောင့်အစားတောင် အသက်ပေးနေပြီ၊မောင်ကတော့ ပိုချစ်တယ်ဆိုတဲ့ စကားကို ပါးစပ်ကသာ တဖွဖွပြောနေတာ လက်တွေ့မပြရသေးဘူး ငယ်၊ ငယ်ကတော့ မောင့်ထက်စောပြီး လက်တွေ့ပြသွားပြီ*
![](https://img.wattpad.com/cover/238616352-288-k551557.jpg)
ESTÁS LEYENDO
ချစ်ခြင်း အစပျိုးရာ S1❤(Complete)
Romanceငယ်ကလွဲရင် ဘယ်သူ့ကိုမှ အာရုံထဲ ရှိမနေဘူးဆိုတာ ယုံပါ By နက်ရှိုင်းသူ မောင့်အချစ်က ငယ့်အပေါ် စစ်မှန်ပါေစလို့ မျှော်လင့်တယ် By ခန့်ညားပိုင်