"မောင်"ဆိုတဲ့ နာမ်စားလေး ကျွန်တော် ခေါ်ရလိမ့်မယ်လို့ တခါမှ မတွေးဖူးခဲ့၊ ကျွန်တော် မောင်နဲ့ အသားတကျ နေခဲ့ရတဲ့ အချိန်တွေတောင် ကျော်လွန်လာခဲ့ပြီ။ ကျွန်တော့်ကိုဆို အမြဲတမ်း ေပျာ်အောင် ထားသလို စိတ်ချမ်းသာရာ တွေးပေးတတ်တဲ့ နှစ်ယောက်မရှိနိုင်တဲ့သူဖြစ်သည်
ဘယ်လောက်ပဲ ကျွန်တော် သူ့ပေါ်ဆိုးဆိုး ခွင့်လွှတ်သည်းခံတတ်တဲ့မောင်ဟာ သူများတွေအတွက်တော့ ခက်ထန်နေတဲ့ လူတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။
လက်တွဲမဖြုတ်နိုင်လောက်အောင် မြဲနေတဲ့ လက်တစ်စုံ ဆုပ်ကိုင်ထားတဲ့ ကျွန်တော်ဟာ ကံကောင်းလွန်းသူ မဟုတ်လား။ အခု ကျွန်တော် သူ့ရဲ့ ရုံးခန်းထဲမှာ အိပ်နေတာတောင် ကျွန်တော့်ကို တခွန်းမှ အပြစ်မဆို၊ စောင်လေး ခြုံပေးကာ အလုပ်ကိစ ဆက်လုပ်နေသည်။ မောင်နဲ့ တူတူ ဆွေးနွေးနေတဲ့ သူတွေက ကျွန်တော့်ကို ကွက်ကြည့်ကွက်ကြည့် လုပ်နေသည်။
မောင်က နေ့လည်တဖြတ် နားတော့ ကျွန်တော့်နား လာကာ
"အိပ်ရေးမှ ဝရဲ့လားငယ်"
"အင်းး"
"တနေ့ကုန် အိပ်နေတော့မယ် ထင်နေတာ"
"အိပ်တော့ကော မောင်က မကြိုက်ဘူးလားပြော"
"အဲ့လို မဟုတ်ပါဘူး မောင်က ငယ် အိပ်တာများပြီး ခေါင်းတွေ ကိုက်နေမှာစိုးလို့ပါ"
"ဟွန့် ပြီးတာပဲ"
"ပြွစ်....အနမ်းခံချင်တာလား ဟုတ်လား အဲနှုတ်ခမ်းက"
"အရမ်းအသားယူတာပဲ"
"အဲ့တော့ "
"တော်ပြီ မောင်ရာ"
"မောင့်ကို စိတ်မရှည်တာလား ဘာလဲ"
"မောင်ရာ မရစ်နဲ့"
"တကယ်ပဲ မောင့်ကို စိတ်မရှည်တော့ဘူးပေါ့"
"ပြွစ် ပြွစ် ပြွစ်....ရပြီလား"
"ဟဲ ဟဲ....ရပြီ"
"ရုပ်ကိုက.....ဟင်းးး"
"ဘာဖြစ်လဲ ရုပ်က"
"ဘာမှမဖြစ်ဘူး ဗိုက်ဆာနေပြီ တခုခု သွားစားရအောင်"
"မသွားဘူး ရုံးခန်းကို ယူလာပေးလိမ့်မယ် ငယ် စောင့်နေရုံပဲ"
ESTÁS LEYENDO
ချစ်ခြင်း အစပျိုးရာ S1❤(Complete)
Romanceငယ်ကလွဲရင် ဘယ်သူ့ကိုမှ အာရုံထဲ ရှိမနေဘူးဆိုတာ ယုံပါ By နက်ရှိုင်းသူ မောင့်အချစ်က ငယ့်အပေါ် စစ်မှန်ပါေစလို့ မျှော်လင့်တယ် By ခန့်ညားပိုင်