နက်ရှိုင်းသူသည် ထုံးစံအတိုင်း ခန့်ညားပိုင်ရဲ့ နှဖူးလေးကို ဖွဖွလေးနမ်းကာ နိုးထဖို့အတွက် နှိုးလိုက်သည်။
"ငယ်"
"အွန်းးးးးး"
"အိပ်ဉီးမလား ဒါမှမဟုတ် မောင်နဲ့အတူ ထတော့မလား"
"မောင်က ဘယ်သွားမလို့လဲ"
"မောင် ဒီနေ့ ငယ့်ရဲ့ ဆေးရုံကို လေ့လာစရာရှိတယ် အဲ့တာ သွားမလို့"
"ငယ့်ကို ကြိုလဲ မပြောဘူး"
"မောင်လည်း အခုမှ သွားချင်စိတ်ပေါ်လာလို့ပါငယ်ရဲ့"
"ငယ် Dutyရှိသေးတယ်လေ မောင်"
"10နာရီမှမလား ငယ်ရဲ့"
"ဟုတ်တယ် ငယ် သွားရင်သွားနှင့် မောင်က ငယ် ထမင်းစားချိန်နဲ့ အမှီလာခဲ့မယ်ေလ Companyကို အရင် ဝင်ရဉီးမှာဆိုတော့"
"အင်းအင်း မောင့် သဘော"
"အဲ့တော့ ပြန်အိပ်မှာလား ထမှာလား"
"ထမယ် မောင်မှ အိပ်ရာပေါ်မှာ မရှိတော့မှာကို"
"ဟူတ်ပါပြီ ထ အဲ့တာဆိုလည်း ပြင်ဆင်ထားလိုက်တော့"
"အင်းအင်း မောင်.....Kiss"
"ပြွစ်"
"ဟီးးးးဟီးးးးး"
.........................At hospital.......
"ဆရာ ဆရာ"
"ပြော ပန်းဝေ"
"ဒီနေ့လေ ဒီဆေးရုံရဲ့ CEOလာမှာတဲ့"
"ဟုတ်လား "
ခန့်ညားပိုင်သိနေပေမယ့်လည်း မသိချင်ယောင်ဆောင်ကာ ပြောလိုက်သည်။"ဆရာ မြင်ဖူးလားဟင်"
"ဟင့်အင်း ဆရာတော့ မမြင်ဖူးဘူး"
"အသက်ကြီးကြီး လူကြီးပိုင်းထဲက ထင်တယ် CEOဆိုတော့ ကြောက်လိုက်တာ ဆရာရယ်"
*မောင်ရေ မင်းကို လူတွေက အသက်ကြီးကြီး ဗိုက်ရွဲရွဲလို့ ထင်နေကြပြီ ဟားးးဟားးးးး*စိတ်ထဲတွင်ပြောကာ ရီမိသည်။
"ဘယ်ချိန်လာမှာလဲမသိဘူး ဆေးရုံအုပ်ကတော့ အမှားအယွင်း မရှိစေနဲ့လို့ ပြောတယ်"
"သူရောက်လာရင် ကျွန်တော်ကို ခေါ်လိုက်လေ ကျွန်တော် Dutyရှိသေးတော့ မသိလိုက်မှာ စိုးလို့"
VOCÊ ESTÁ LENDO
ချစ်ခြင်း အစပျိုးရာ S1❤(Complete)
Romanceငယ်ကလွဲရင် ဘယ်သူ့ကိုမှ အာရုံထဲ ရှိမနေဘူးဆိုတာ ယုံပါ By နက်ရှိုင်းသူ မောင့်အချစ်က ငယ့်အပေါ် စစ်မှန်ပါေစလို့ မျှော်လင့်တယ် By ခန့်ညားပိုင်