ဒီနေ့ဟာ ကျွန်တော်နဲ့ ငယ့်ရဲ့ 2years Anniversaryနေ့ ဖြစ်သည်။ ကျွန်တော်ကတော့ အလုပ်ကို ပုံမှန်လုပ်နေပေမယ့် ငယ်ကတော့ အိမ်မှာပဲနေကာ ကျွန်တော့်ကို ဆိုးလိုက် စိတ်ကောက်လိုက် လုပ်လို့ကောင်းတုန်း ဖြစ်သည်။
ဒီနေ့လည်း ကျွန်တော့် လူကြီးလေးကို အပြင်ခေါ်သွားရဉီးမည်။ အကြောင်းက ဒီနေ့မှာ စဖွင့်မှာ ဖြစ်တဲ့ ငယ့်ရဲ့ ဆေးရုံ အသစ်ကြောင့် ဖြစ်သည်။ CEOဖြစ်တဲ့ ငယ်က အခုထိ မထနိုင်သေး။
"ပြွစ်.....ငယ် ဒီနေ့ ပွဲတတ်ရမယ်ဆိုတာ မေ့နေပြီလား"
"..........."
"ငယ်"
အမြတ်တနိုးခေါ်ခဲ့ရတဲ့ နာမည်လေး၊ တွဲခဲ့တဲ့ တောက်လျှောက် မိမိဘက်က ပျက်ကွက်ခဲ့တဲ့တာဝန်ဟူ၍ ရှိခဲ့မည်မဟုတ်သလို ငယ့်ဘက်ကလည်း ကျွန်တော့်အပေါ် မပျက်ကွက်ခဲ့ပါ။ ငယ့်ရဲ့ အကျင့်တွေဟာလည်း ကျွန်တော့်ကြောင့် ပြောင်းလဲခဲ့ရသလို၊ ကျွန်တော့်ရဲ့ အကျင့်တွေဟာလည်း ငယ့်ကြောင့် ပြောင်းလဲခဲ့သည်။ အရင်က ဆိုးသွမ်းခဲ့ဖူးတဲ့ ကျွန်တော်၊ တခုခုဆို လက်ရဲဇာတ်ရဲ ရှိလှတဲ့ ကျွမ်တော်၊ ငယ့်ကြောင့် ပြောင်းလဲခဲ့သည်မို့ နောင်တမရခဲ့ပါ။
ငယ်ကြောင့် ပြောင်းလဲခဲ့ရတဲ့ ကျွန်တော့်စိတ်ကို ကျွန်တော် မြတ်နိုးသည်။ ဆက်ပြီးလည်း ကျွန်တော်ဘက်က ငယ့်ကို မြတ်နိုးမှုထက်ပိုတဲ့အရာတွေနဲ့ ဆက်ချစ်နေဉီးမှာဖြစ်သည်။
"မောင် ဘာတွေ တွေးနေတာလဲ ခေါ်နေတာလဲ မကြားဘူး ဘယ် ကောင်မလေးအကြောင်းလဲ ပြော"
ကဲ ကြည့်...ကျွန်တော် သတိလေးတချက်လွတ်တာနဲ့ စရစ်တော့တာပါပဲ
"မတွေးပါဘူးဗျာ၊ တွေးစရာဆိုလို့ ငယ့်အကြောင်းပဲ ရှိတာ"
"မလိမ်နဲ့ ဒီနေ့ ဖွင့်ပွဲမှာ ဘယ်ကောင်မလေးတွေ လာမယ်ဆိုတာ တွေးနေတာမလား"
"ဘယ်ကလာ ငယ်ရာ၊ မောင်တောင် ဘယ်သူတွေ လာမယ် ဘယ်နှယောက်လာမယ်ဆိုတာ မသိဘူး"
"အော်....ဒါဆို သိခွင့်ရှိရင် သိချင်သေးတယ်ပေါ့"
"ငယ်ကွာ မောင်က မသိချင်လို့တောင် Fileမဖွင့်ကြည့်တာလေ၊ သိချင်နေမှတော့ ပြောမနေတော့ဘူး ဖွင့်ပြီးစစ်လိုက်မှာပေါ့ fileက မောင့်လက်ထဲမှာပဲကို"
VOCÊ ESTÁ LENDO
ချစ်ခြင်း အစပျိုးရာ S1❤(Complete)
Romanceငယ်ကလွဲရင် ဘယ်သူ့ကိုမှ အာရုံထဲ ရှိမနေဘူးဆိုတာ ယုံပါ By နက်ရှိုင်းသူ မောင့်အချစ်က ငယ့်အပေါ် စစ်မှန်ပါေစလို့ မျှော်လင့်တယ် By ခန့်ညားပိုင်