Part 15*

31.1K 1.8K 29
                                        

မောင်က ထိုကိစဖြစ်ပြီး နဂိုကတည်းက တည်နေတဲ့ မျက်နှာကပို၍ တည်တင်းနေသည်။ ဖွင့်ပွဲက ၂နာရီမှ အဆုံးသတ်တာကြောင့် ဗိုက်ဆာနေသော်လည်း မောင် စိတ်မကြည်မည်စိုးတာ ကြောင့် မပြောဖြစ်ပဲ ဒီတိုင်းနေလိုက်သည်။

"J သေချာ ပွဲသိမ်းလိုက်ချည် ငါ အရင် ပြန်နှင့်မယ်"

"ဟုတ်ကဲ့ Boss"

ခန့်ညားပိုင်ကိုလည်း ဘာစကားတစ်ခွန်းမှ မပြောပဲ လက်ကို ဆွဲ၍သာ ခန်းမကနေ ခေါ်ထုတ်လာသည်။ ကားပေါ်တွင်လည်း ဘာစကားမှ မပြောပေ ခန့်ညားပိုင်သည် အနည်းငယ် အောင့်လာသော ဗိုက်အား လက်နဲ့ ဖိထားမိသည်။

အိမ်ရောက်တော့မည်မို့ သည်းခံကာ နေလိုက်သည်။ ကားပေါ်က အဆင်းမှာတော့ ဖိထားတဲ့ ဗိုက်က ပို၍အောင့်လာသည်။ ချွေးပါ ပြန်လာပေမယ့်လည်း သည်းခံကာ အိမ်ထဲ ဝင်ဖို့ ကြိုးစားလိုက်သည်။

နက်ရှိုင်းသူသည် ကားပေါ်က ဆင်းလိုက်ကာ ခန့်ညားပိုင်ကို ခေါ်ဖို့ ကြည့်လိုက်တော့ ချွေးတွေပြန်ကာ ဗိုက်ကို ဖိထားသော ငယ်

"ငယ် ဘာဖြစ်တာလဲ "

" ရတယ် ရ....တယ် အိမ်ထဲ ဝင်ရအောင်"

နက်ရှိုင်းသူလည်း ခန့်ညားပိုင်အား ပွေ့ချီလိုက်ကာ အိမ်ထဲသို့ အမြန်ဝင်လိုက်သည်။ Sofaပေါ် ထိုင်လျှင်လည်း အဆင်မပြေ ဖြစ်မည်စိုးတာကြောင့် အိပ်ခန်းထဲသာ ခေါ်သွားလိုက်သည်။

" ငယ် မောင့်ကို ပြောဉီး ဘာဖြစ်တာလဲ"

"ဗိုက်အောင့်လို့"

"ဟင်.......မောင် ဘာလုပ်ပေးရမလဲဟင် ငယ်"

"တစ်ခုခု စားလိုက်ရင် ရလောက်ပါတယ် အဆာလွန်သွားတာ ရတယ် အများကြီး မအောင့်ဘူး"

စိတ်မကောင်းတဲ့ မျက်လုံးတွေနဲ့ ကြည့်နေသော မောင့်အား စိတ်မပူစေရန် အနည်းငယ်သာ အောင့်တာဖြစ်ကြောင်း ပြောလိုက်သည်။

"ခနလေး မောင် စားဖို့ တစ်ခုခု ပြင်ပေးမယ် "ဆိုကာ အိမ်အောက်ထပ်သို့ ပြေးဆင်းသွားသောမောင်.... ကျွန်တော့်ထက် သူက ပို၍ပင် ပြာယာခတ်နေသည်။ ခနအကြာတော့ ဗန်းလေး တစ်ခုကိုင်ကာ ဝင်လာပြီး ခုံပေါ်ချလိုက်သည်။

ချစ်ခြင်း အစပျိုးရာ S1❤(Complete)Donde viven las historias. Descúbrelo ahora