Part 51*

16.1K 998 10
                                    

အမူးသမားလေးက နေလို့မကောင်းဘူးဆိုလို့ ကျွန်တော်ကိုယ်တိုင် ထမင်းတွေဟင်းတွေ ချက်ရပြန်သည်။ ကျွန်တော်ချက်တာ စားရရင် ပျောက်လောက်သည်တဲ့။ တကယ်ပါ ၁၆နှစ်သားလေးဆိုရင် ကျွန်တော် သူ့ကို နာနာလေး ရိုက်မိမည်။

အခုလည်း ဟင်းကို ကောင်းကောင်းမချက်ရ အနောက်ကနေ ဖက်ထားပြီး ကျွန်တော် လုပ်သမျှ လိုက်ကြည့်နေသည်။

"မောင် ငြိမ်ငြိမ်နေကွာ၊ ဟင်းအိုး ပူလောင်ရင် ဘယ်လိုလုပ်မလဲ"

"မောင် နေလို့ မကောင်းလို့ပါဆို"

မောင်ရဲ့ ချွဲပုံ ချွဲနည်းကလည်း တမျိုး၊ ရီလိုက်မိရင်လည်း စိတ်ဆိုးသွားမှာ စိုးတာကြောင့် ကြိတ်ပြီးသာ ရီလိုက်သည်။

"ခုံပေါ် သွားထိုင်နေ ပြီးတော့မှာ ခနနေရင်"

"မရဘူး ငယ်ပြီးမှ တူတူ သွားမယ်"

ကျွန်တော် ဘာမှ ပြန်မပြောလိုက်တော့ပဲ ထားလိုက်သည်။ ဆက်ပြောနေလဲ လွှတ်မှာ မဟုတ်မှန်း သိနေတာကြောင့် ဖြစ်သည်။

စားပွဲပေါ်မှာ စားစရာတွေ ပြင်ဆင်လိုက်ပြီး မောင့်အတွက် သံပုရာရည်လေးပါ ထပ်ဖျော်ပေးရသေးသည်။

"မောင်....Davidတို့ကိုပါ ေခါ်လိုက်လေ တူတူ စားရအောင်"

"ဟုတ်ပါပြီ မောင် ခေါ်လိုက်ပါ့မယ်.....David"

"ဗျာ Boss"ဆိုကာ မီးဖိုချောင်ထဲ တန်းရောက်လာတဲ့ David

"မင်းတို့လည်း ထမင်းလာစားတော့"

"ရပါတယ် Bossတို့စားပြီးမှ စားပါ့မယ်"

"လာခဲ့ ၄ယောက်လုံး၊ ငယ်က မင်းတို့ကို စားစေချင်နေတာ"

"ဟုတ်ကဲ့ပါ Boss"

ခနနေတော့ ထမင်းစားပွဲဝိုင်း၌ လူစုံတက်စုံနဲ့ ထမင်းလက်ဆုံစားဖြစ်ကြသည်။ အခုလို အချိန်မျိုးက ရရန်ပင် ခက်ခဲသည်မဟုတ်လား။

"ကျွန်တော် မင်းတို့ကို ပေးစရာရှိတယ်"ဆိုကာ ငယ်က စားပွဲဝိုင်းက ထသွားသည်။ ထို့နောက် စာအိတ်အကြီးစားလေး ၄ခု ယူလာကာ တစ်ယောက်ချင်းစီကို ပေးပြီး

"အဲ့ထဲမှာ တစ်ယောက်ချင်းစီ ဆေးစစ်ဖို့ အတွက် ပါပြီသား ပြီးတော့ မုန့်ဖိုးကတော့ သိပ်မများပေမယ့် သုံးလို့ရလောက်မှာပါ"

ချစ်ခြင်း အစပျိုးရာ S1❤(Complete)Donde viven las historias. Descúbrelo ahora