Part 73*

13.1K 761 25
                                        

City Martမှာ ဝယ်စရာရှိတာတွေ ဝယ်ပြီးနောက် အိမ်ကိုပဲ ပြန်လာလိုက်သည်။ အိမ်မှာ ဒီနေ့Partyလုပ်မှာမို့ အသားတွေကို Jameတို့က ပြင်ဆင်ထားကြသည်။

နေ့လည်စာအနေနဲ့ Jရဲ့လက်ရာ ပါစတာကို စားဖြစ်ကြသည်။ ပိစိလေးနှစ်ယောက်က ငယ့်လိုပင် ပါစတာကို အရမ်းကြိုက်ကြသည်။

"ကိုကို"

"ဗျာ"

"မီးကို ဒါလေး ဖဲ့ပေး"ဆိုကာ အကုိဖြစ်သူအား ပန်းကန်ထဲက ကြ က်သားတုံးလေးကို လက်ညှိုးထိုးပြသည်။ သားကလည်း သမီးပြောတဲ့အတိုင်း ကြက်သားကို သေးေသးလေးဖြစ်အောင် နွှင်ပေးနေသည်။ ဒီအဖြစ်အပျက်ကို ပြုံးပြီးကြည့်မိသူက ငယ်နဲ့ ကျွန်တော် ဖြစ်သည်။

"ဖြေးဖြေးစားနော် အစာမကြေဖြစ်နေလိမ့်မယ်"

"ဟုတ် ကိုိကို"

"ပါးပါး သားလေးက တော်လိုက်တာ၊ ညီမလေးကိုတောင် ဂရုစိုက်ပေးတတ်နေပြီ"

"ဟီးးးးး"

"နောက်လည်း တူတူ တည့်အောင်နေရမယ်နော်၊ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ဘာပဲဖြစ်လာဖြစ်လာ ကူညီရမယ် ဟုတ်ပြီလား"

"ဟုတ် ပါးပါး"

"စားကြ စားကြ"

ကျွန်တော်တို့ အားလုံး စားပြီးပြီမို့ ညနေခင်း Partyအတွက် ခြံဝင်းထဲက မြက်ခင်းပေါ် ရှင်းလင်းရေးတွေလုပ်ကြ၊ နေရာထိုင်ခင်းတွေ ပြင်ကြနဲ့ အလုပ်ရှုပ်နေတော့သည်။

လူကြီးတွေ အလုပ်ရှုပ်နေသော်လည်း ပိစိနှစ်ယောက်ကတော့ ဘောလုံးနဲ့ ဆော့ကာ နေသည်မို့ Davidက မထိခိုက်မိအောင် စောင့်နေရသည်။

"ငယ်"

"ပြောလေ မောင်"

"မောင်တိူ့ ခရီးသွားကြမလား"

"ဘယ်တော့လဲ မောင်"

"ဒီတစ်ပတ်အတွင်းလောက်"

"မောင့်အလုပ်တွေကရော"

"မောင် အပြီးဖြတ်ထားတာမို့လို့ အနားယူတဲ့သဘောနဲ့ သွားလို့ရတယ် ငယ်"

"ဒါဆို သွားကြမယ်လေ"

"ငယ် ဘယ်သွားချင်လဲ"

ချစ်ခြင်း အစပျိုးရာ S1❤(Complete)Место, где живут истории. Откройте их для себя