Part 71*

13K 763 18
                                    

ညနေရောက်တော့ ငယ့်ပြောထားတဲ့အတိုင်း ကျွန်တော်တို့ ကစားကွင်းကို ထွက်လာခဲ့ကြသည်။ ကျွန်တော့်ရဲ့ ပိစိလေးနှစ်ယောက်ကတော့ အပြင်ထွက်ရမှာမို့ ပျော်နေလေသည်။

ကျွန်တော်ကတော့ Jackလေးကို ချီထားပြီး ငယ်က Miaလေးကို ချီထားသည်။ မိသားစုထဲမှာ မိန်းကလေးဆိုလို့ Miaလေးတစ်ယောက်တည်းရှိတာမို့ အားလုံးက ဝိုင်းချစ်ကြသည်။

Jackကလည်း ငယ်သာငယ်ပေမယ့် သူ့ညီမလေးကိုတော့ ချစ်ရှာသည်။ တခုခုဆို လိုချင်တာတောင်းတိုင်း Jackက မငြီးမငြူ ပေးတတ်သည်။

" ပါး"

"ဗျာ"

"မီးတိုလေ"(မီးတို့လေ)

"အင်း"

"ပေးဆော့မှာရား"

"ပေးဆော့မှာပေါ့ဗျာ"

"ဒီဒီ ေကြာကျတဲ့ ပုံပြင်ထဲကရိုရေ၊ ရုပ်ရုပ်ကြီးတွေ ရှိရား"

"ရှိတာပေါ့ဗျာ အများကြီးရှိတယ် "

ကျွန်တော် ညတိုင်း ပြောပြနေတဲ့ ပုံပြင်ထဲက ကစားကွင်းတွေ အကြောင်း ရင်းနှီးပြီးသားဖြစ်ပေမယ့် အခု ပထမဆုံးကြိမ် သွားရမှာမို့ Miaလေး သူ့ပါးပါးကို မေးနေလေသည်။

"တိုတို"

"ခညာ"(ခင်ဗျာ...)

"မီးမီးနဲ့ တူတူဆော့"

"ေဆာ့မယ်"

"ေရးးးးးးး​ကျောစရာကြီး "(​ေပျာ်စရာကြီး)

အပြောအဆို အသုံးအနှုန်းကအစ ငယ်သင်ပေးထားသလို ရနေတာမို့ ကျေနပ်မိသည်။ သေချာတာတော့ ငယ့်ရဲ့ ဉာဏ်ကောင်းမှုတွေက ဒီကလေးလေးနှစ်ယောက်ဆီ ပါလာပြီ ထင်ပါသည်။

တခါတလေ နှစ်ယောက်တည်း စကားပြောနေတဲ့အချိန်တွေမှာ နားထောင်မိတိုင်း Jackက Miaလေးကို အနစ်နာခံတတ်သလို ပြောသမျှ နားထောင်ပေးတတ်သည်။

"ဒီဒီ"

"ဗျာ"

"Miaရဲ့ ကျံပင်က လှရယ်"(ဆံပင်က လှတယ်)

ညီမဖြစ်သူရဲ့ ဆံပင်ကို ကြည့်ပြီး ေပြာလာတဲ့ Jack၊ ပြောလည်း ပြောချင်စရာ ငယ်က သမီးလေးရဲ့ ဆံပင် ရှည်ရှည်လေးတွေကို နှစ်ဖက်ခွဲကာ မြင့်မြင့်လေးစည်းပေးထားတာမို့ ပါးမို့မို့လေးတွေကိုရော မျက်နှာလေးကိုပါ ရှင်းရှင်းလင်းလင်း မြင်ရသည်။

ချစ်ခြင်း အစပျိုးရာ S1❤(Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ