Part 78*(End)

37.7K 883 34
                                        

အခုကတော့ ပိစိလေးနှစ်ယောက်ရဲ့ နွေရာသီ ကျောင်းပိတ်ရက်ဖြစ်တာကြောင့် ကတိပေးထားသည့်အတိုင်း ဂျပန်ကို ခရီးထွက်ဖို့ ပြင်ဆင်ရတော့သည်။ ဒီထဲက အပျော်ဆုံးသူကို ပြောပါဆိူရင်တော့ ပိစိနှစ်ယောက်က ထိပ်ဆုံးက ဖြစ်သည်။

အဝတ်အစားနဲ့ လိုအပ်မည့် ပစည်းတွေကို သေချာ စီစစ်ကာ ထည့်လိုက်ပြီး ပိစိနှစ်ယောက်အတွက်ပါ ပြင်ဆင်ရတော့သည်။

"ဒယ်ဒီ ဟိုရောက်ရင်လေ မီးမီး ဂျပန်ဝတ်စုံလေး ဝတ်ချင်တယ် ရလားဟင်"

"ရတာပေါ့ဗျာ ပြီးတော့ရော ဘာလုပ်ချင်သေးလဲ "

"Sushiတွေလည်း စားမယ် ပြီးတော့ Sakuraပန်းလေးတွေလည်း သွားကြည့်မယ်"

"Okဗျာ Jackကကော ဘာလုပ်ချင်လဲ"

"သား Osaka Castleသွားချင်တယ် ဒယ်ဒီ"

"ကဲ သွားချင်တာတွေ လုပ်ချင်တာတွေ စာအုပ်ထဲမှာ ရေးမှတ်ထား ဟုတ်ပြီလား"

"ဟုတ် ပါးပါး"

"သွားနားကြတော့ ညကျ လေယာဉ်စီးရမှာကို"

"ပစည်းတွေ ထည့်လို့ မပြီးသေးဘူးလေ ပါးပါး"

"သွားပါ ပါးပါး ထည့်လိုက်ပါ့မယ်"

"မရပါဘူး တူတူ ထည့်တော့ မြန်မြန်ပြီးတာပေါ့၊ ဒါမှ ပါးပါးတို့လည်း မြန်မြန်နားရမှာ"

"ဟားးးးး အတတ်လေးတွေ၊ အဲ့တာဆိုလည်း ပစည်းတွေ စုံမစုံ ပြန်စစ်ကြမယ်"

"ဟုတ် ပါးပါး"

မိသားစုလေးယောက်သား ခရီးအတွက် ပြင်ဆင်ရသည်က များတော့များပေမယ့် ပျော်ဖို့တော့ ကောင်းသည်။ ပစည်းတွေ သိမ်းဆည်းကာ ကားထဲ ထည့်ပြီးသည်နှင့် အနားယူကြတော့သည်။

ခန့်ညားပိုင်သည် နက်ရှိုင်းသူရဲ့ ရင်ခွင်ထဲမှာ နေပြီး

"မောင်"

"ဗျာ"

"မောင် ပျော်လား"

"ဘာကိုလဲ ငယ်"

"အခုလို မိသားစုနဲ့ နေရတာကို ပျော်လား"

"ဘယ်လိုမေးလိုက်တာလဲ ငယ်ရယ်၊ ပျော်တာပေါ့ အားလုံးထဲမှာ မောင်က အပျော်ရဆုံးလူသားပဲ သိရဲ့လား မောင့် ကလေးလေးရဲ့"

ချစ်ခြင်း အစပျိုးရာ S1❤(Complete)Место, где живут истории. Откройте их для себя