Part 48*

15.1K 1K 12
                                    

မောင်ကလည်း အလုပ်မသွား၊ ကျွန်တော်ကလည်း အလုပ်ထွက်လိုက်ပြီဖြစ်တာကြောင့် အိမ်မှာပဲ နှစ်ယောက်လုံး ရှိနေကြသည်။ ဒါကြောင့် မောင်က secondပိုင်းလေးတောင် သူ့အနားက မပျောက်မခံ၊ ပျောက်သွားသည်နှင့် အော်ခေါ်တော့သည်။

အခုလည်း ရေလေး ခနဝင်ချိုးသည်ကို အပြင်ကနေ အော်ခေါ်နေတာကြောင့် မြန်မြန်ချိုးကာ ထွက်လာရသည်။

"မောင်...ငယ် ရေချိုးနေတယ်လေ"

"မောင့်ရှေ့မှာ မရှိတော့ ခေါ်ကြည့်တာပေါ့"

"လည်ချောင်းတွေ နာမယ် အဲ့လောက်မအော်နဲ့"

"အင်း"

"အလုပ်က ပြီးပြီလား"

"မပြီးသေးဘူး ငယ့်ကို မတွေလို့ လာရှာတာပါဆို"

"ဟုတ်ပါပြီ အဝတ်အစားလဲဉီးမယ် ပြီးရင် ဆင်းခဲ့မယ် ထမင်းစားဖို့အချိန်တောင် ရောက်နေပြီ"

"အင်း"

ကျွန်တော် ဆင်းခဲ့မည်ဆိုမှ အခန်းထဲက ထွက်သွားတော့သည်။ ရှေ့လျှောက် မောင်နဲ့ ညှိစရာ ရှိတာ ညှိရဉီးမည်။ အဝတ်အစားလဲပြီး စာဖတ်ခန်းထဲ အလုပ်လုပ်နေတဲ့ ေမာင့်ကိုပါ ခေါ်ပြီး ထမင်းစားဖို့ ပြင်လိုက်သည်။

မောင်ကတော့ ထမင်းဝိုင်းရောက်သည်နှင့် အစားစာမှန်သမျှ သေးသေးလေးတွေ ဖဲ့ကာ ပန်းကန်ထဲထည့်ပေးတတ်တဲ့ အကျင့်ကတော့ ပျောက်မသွား၊ ထိုသိူ့ ကျွန်တော့်အား လုပ်ပေးပြီးမှသာ သူ့ထမင်းသူစားသည်။

"မောင်"

"ဟင်"

"ငယ့်ကို အခုထိ စိတ်မချသေးဘူးလား"လို့ မေးလိုက်တော့ မောင်ဟာ ကိုင်ထားတဲ့ ဇွန်းခရင်းကို ချကာ ခေါင်းကို ငုံ့သွားသည်။

"ငယ်က ဒီတိုင်းသိချင်လို့ မေးတာ၊ ရတယ် မောင်အဆင်မပြေဘူးဆိုရင် မဖြေပါနဲ့"

"ပျောက်သွားမှာစိုးလို့"

"ဟင်....ဘယ်လို မောင်"

"ထပ်ပြီး ပျောက်သွားမှာစိုးလို့၊ သူများတွေ ခေါ်သွားမှာစိုးလို့"

အသံတွေ ကတုန်ကယင်နဲ့​ ပြောနေတဲ့ မောင်ဟာ အရင်က မောင်နဲ့ မတူ၊ စိတ်ဓာတ်တွေ ကျနေသော သူတစ်ယောက်လို ဖြစ်နေသည်။

ချစ်ခြင်း အစပျိုးရာ S1❤(Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ