Part 65*

17.5K 937 13
                                        

ငယ်ဘုရားသွားမည်ဆိုတာကြောင့် လိုလိုမယ်မယ် ငယ့်အတွက် သီးသန့်ချုပ်ထားတဲ့ အကျီတွေထဲက လက်ရှည် အဖြူတစ်ထည်ကို ရွေးယူလိုက်သည်။ ပြီးနောက် ငယ့်အတွက် လုံချည်ကွက်ကြားလေးကို ထုတ်ကာ ရေချိုးနေတဲ့ ငယ့်ကို ခနစောင့်လိုက်သည်။

ရေချိုးခန်းထဲက ထွက်လာတဲ့ ငယ့်ကို ကြည့်တော့ ကိုယ်တော်လေးက ခေါင်းလျှော်ထားပြန်သည်။

"ငယ် ဘာလို့ ခေါင်းလျှော်ထားတာလဲ အေးကအေးနဲ့"လို့ ပြောမိတော့ မျက်ရည်လေးဝဲကာ ကျွန်တော့်ကို ကြည့်လာသည်။

"အာ....မငိုနဲ့ မငိုနဲ့.....မောင်က ဆူတာမဟုတ်ပါဘူး၊ မောင် စိတ်ပူလို့ပါ၊ လာလာ မောင် ရေသုတ်ပေးမယ်"

ရေစိုလက်စဖြစ်နေတဲ့ ငယ့်ကို မွေ့ရာပေါ် တချက်ထိုင်ခိုင်းလိုက်ပြီး တဘက်လေးနဲ့ ရေစင်အောင် သုတ်ပေးလိုက်သည်။ အဝတ်အစားလဲပေးဖို့ကြည့်တော့ ငိုမဲ့မဲ့ဖြစ်နေသော ငယ်

ကျွန်တော်လည်း ငယ့်ခေါင်းလေးကို ရင်ခွင်ထဲထည့်လိုက်ကာ

"Sorry, မောင်က စိတ်ပူလို့ အော်မိတာပါ၊ စိတ်မရှည်လို့ မဟုတ်ပါဘူးဠ မောင်ပြောလိုက်လို့ ဝမ်းနည်းသွားတာလား"လို့ မေးမိတော့ အင်းတဲ့

"အင်းပါ မောင် မှားသွားတာ၊ ဝမ်းမနည်းနဲ့တော့ ငယ်ဝမ်းနည်းနေရင် ပိစိလေးကလည်း စိတ်မကောင်းဖြစ်နေမှာပေါ့ "ဆိုတော့ ချက်ချင်းကို မျက်နှာ အမူအရာပြောငး်သွားသည်။

ကျွန်တော် ငယ့်ဗိုက်နားလေးကို မျက်နှာလေးကပ်ကာ

"ပိစိလေးရေ ပါးပါးက ဒယ်ဒီကြောင့် ဝမ်းနည်းသွားရလို့ ဒယ်ဒီတောင်းပန်တယ်နော်၊ ပိစိလေးလည်း ဝမ်းမနည်းရဘူးနော်"

"မောင် ပိစိကို အရမ်းချစ်လား"

"ဘယ်လိုမေးလိုက်တာလဲ ငယ်ရဲ့၊ မောင့်မှာ ငယ်ရယ် ပိစိလေးရယ်ကို အချစ်ဆုံးပဲ"

"ဟီးးးးးး"

"ပိစိလေးရေ ဒီနေ့ ဒယ်ဒီရယ် ပါးပါးရယ် ပိစိလေးရယ် ဘုရားသွားကြမယ်နော်"

"ပိစိလေးက အင်းတဲ့"

"ဟားးးးးပိစိလေးက အဲ့လိုပြောတယ်ပေါ့"

ချစ်ခြင်း အစပျိုးရာ S1❤(Complete)Where stories live. Discover now