ငယ်ကတော့ ကျွန်တော့်ဘေးမှာ အေးချမ်းစွာ အိပ်ပျော်နေပေမယ့် ကျွန်တော်ကတော့ အိ်ပ်လို့မရနိုင်သေး၊ ညနေက ငယ်ပြောတဲ့ ကိစကြောင့် စိတ်ထဲ မတင်မကျဖြစ်နေသလို၊ တခုခု ဖြစ်လာမှာကို စိုးရိမ်နေသည်။
နက်ရှိုင်းသူသည် ခန့်ညားပိုင်ရဲ့ နှာဖူးလေးအား ပသာအယာ နမ်းပြီးနောက် အိပ်ရာပေါ်ကထကာ ဝရံတာထွက်ပြီး စဉ်းစားခန်း ဝင်နေတော့သည်။
လုံခြုံရေးအရ စိတ်ချတယ်ဆိုသော်ညားလည်းမည်သို့သော ပရိယာယ်တွေနဲ့ ကြံစည်ဉီးမည်ဆိုတာကို မသိနိုင်၊ ကျွန်တော့်ကို လာထိတာက ကိစမရှိပေမယ့် ကျွန်တော့် ချစ်ရသူ ကျွန်တော့်အသက်ထက် မြတ်နိုးရသည့်သူကိုတော့ ကျွန်တော့်ဆီက ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ဆွဲထုတ်သွားတာကို မလိုချင်
စိတ်တွေ ရှုပ်လာတာနဲ့အမျှ မသောက်တာ ကြာပြီဖြစ်သော စီးကရက်အား မီးညှိကာ တလိပ်ပြီး တလိပ် ကုန်မှန်းမသိ သောက်နေမိသည်။ မသောက်တာကြာပြီမို့ အရသာကတော့ တမျိုးတဖုံ ပြောင်းလဲနေသလို
ထိုစဉ် ခါးထက်၌ အေးစက်စက် အရာတစ်ခု လာရောက်ပြီး နောက်ကျောမှ လေပူရိုက်ခတ်မှုကို ခံစားလိုက်ရသည်။
...................
ကျွန်တော် ဘယ်လို အိပ်ပျော်သွားသည်မသိ၊ နိုးလာတော့ မောင်က ဘေးမှာ ရှိမနေ၊ ဖုန်းကိုဖွင့်ကာ နာရီကို ကြည့်လိုက်တော့ ည ၂နာရီ၊ အိမ်သာများသွားတာလားလို့ ကြည့်တော့လည်း မရှိ၊ ထိုစဉ် ကျွန်တော် သိပ်မရင်းနှီးသော အန့ံတစ်ခုကိုရသည်။ သေချာ စဉ်းစားကြည့်လိုက်တော့ ဆေးလိပ်အန့ံ၊ ဘယ်ကနေ လာတာပါလိမ့်
ကျွန်တော် အန့ံရှိရာ လိုက်ရှာရင်း ဝရံတာမှာ ဆေးလိပ်ဖွာကာ ရပ်နေသော မောင့်ကို တွေ့သည်။ တခါမှ မောင်ဆေးလိပ်သောက်တာ မမြင်ခဲ့ဖူး၊ ဘာတွေများ စိတ်ညစ်စရာ ရှိနေတာလဲ မောင်
နေ့လည် ပြန်လာကတည်းက မျက်နှာမကောင်းတာ သတိထားမိပေမယ့် မေးလိုက်ရင် ပိုစိတ်ရှုပ်မှာ စိုးတာကြောင့် မမေးမိခဲ့၊ မောင် စိတ်ညစ်စရာတွေကို ငယ့်ကို ဘာလို့ မပြောတာလဲဆိုတဲ့ စိတ်က ဝင်လာချေတော့ ဝမ်းနည်းရပြန်သည်။
CZYTASZ
ချစ်ခြင်း အစပျိုးရာ S1❤(Complete)
Romansငယ်ကလွဲရင် ဘယ်သူ့ကိုမှ အာရုံထဲ ရှိမနေဘူးဆိုတာ ယုံပါ By နက်ရှိုင်းသူ မောင့်အချစ်က ငယ့်အပေါ် စစ်မှန်ပါေစလို့ မျှော်လင့်တယ် By ခန့်ညားပိုင်