ကျွန်တော် ငယ် မနက်စာ စားနေတုန်းမို့ မခေါ် တော့ပဲ နေခဲ့ခိုင်းလိုက်ကာ ကျွန်တော်ကတော့ မစစ်ဆေးတာ ကြာပြီဖြစ်တဲ့ Hotelကို စစ်ဖို့ ထွက်လာခဲ့သည်။
ဖွဲ့စည်းတည်ဆောက်ထားတဲ့ ပုံစံတွေက ပြောထားတဲ့အတိုင်း တပုံစံတည်းမို့ ပြောစရာမရှိ၊ စားဖိုဆောင်ထဲ ဝင်လိုက်တော့ အားလုံးနေရာ တကျနဲ့ အလုပ်လုပ်နေပုံထောက်ရင်တော့ ကျွန်တော် လာစစ်မည်ကို သိသည့်ပုံ ရသည် ။
မျက်နှာတည်တည်နဲ့ လျှောက်လာတဲ့ ကျွန်တော့်ကို မည်သူကမျှ မမော့ကြည့်ရဲပေ။
"Jame"
"ဟုတ်ကဲ့ Boss"
"အားလူံးကို Hallခန်းထဲခေါ်လိုက်"
"နားလည်ပါပြီ Boss"
ကျွန်တော် မှာကြားပြီးသည်နှင့် အိပ်ကပ်ထဲက ဖုန်းကို ထုတ်လိုက်ကာ"ငယ်"
"ဟင်"
"မောင် Hallခန်းထဲမှာ အစည်းအဝေးလုပ်ဖို့ရှိတယ် ငယ် ပျင်းနေရင် Hotelမှာ လျှောက်ပတ်ကြည့်နေမလား ဒါမှမဟုတ် အခန်းထဲ သွားနားမလား"
"မောင်မအားဘူးပေါ့"
"ခဏပါပဲ ငယ်ရဲ့"
"အင်း အင်း.....ငယ် အခန်းကို မောင်နဲ့ပဲ တူတူပြန်မယ်လေ"
"ဟုတ်ပြီ အဲ့တာဆို...Davidနဲ့ Jကုိ ခေါ်သွားနော် ငယ်"
"အင်း"
"အဲ့ဒါဆို ဒါပဲနော် ချစ်တယ်"
"မောင်ကလေ မပြောရဲဘူးဆိုတာကို မရှိဘူးနော်"
"ပြန်ပြောကြည့်"
"မပြောပါဘူး ပြောစရာလား လူတွေရှိတယ်"
"ငယ်!!!!!"
"ဘယ်လို ဖြစ်နေတာလဲ မောင်ရာ meetingသွားမလို့ဆို...."
"မပြောမချင်း မသွားဘူး "
"မောင်ကွာ တကယ်ပဲ.....ချစ်တယ်"
ချစ်တယ်ဆိုတဲ့ စကားလုံးကို တိုးညှင်းညှင်း ပြောလာတာကြောင့် ကျွန်တော် အသည်းယားမိပြန်သည်။
"ဒါပဲနော်"
"ဒါပဲ"
ကျွန်တော်လည်း ငယ်နဲ့ ဖုန်းပြောတာကို ချလိုက်ပြီး Hallခန်းထဲ ဝင်လိုက်သည်။
![](https://img.wattpad.com/cover/238616352-288-k551557.jpg)
STAI LEGGENDO
ချစ်ခြင်း အစပျိုးရာ S1❤(Complete)
Storie d'amoreငယ်ကလွဲရင် ဘယ်သူ့ကိုမှ အာရုံထဲ ရှိမနေဘူးဆိုတာ ယုံပါ By နက်ရှိုင်းသူ မောင့်အချစ်က ငယ့်အပေါ် စစ်မှန်ပါေစလို့ မျှော်လင့်တယ် By ခန့်ညားပိုင်