အချိန်အားဖြင့် မနက် ၆နာရီ
ပုံမှန်ပေးထားတဲ့ 6နာရီဆိုတဲ့ နှိုးစက်သံကြောင့် ၂နာရီလောက်သာ အိပ်ရသေးပေမယ့် ကြိုးစားကာ ထလိုက်သည်။ ဒီနေ့ ၂၈နှစ်ပြည့်ပြီဖြစ်တဲ့ ခန့်ညားပိုင်ရဲ့မွေးနေ့ လုပ်နေကျအတိုင်း ဘုရားသွားဖို့သာ ဆုံးဖြတ်ထားသည်။ ညက Duty ဝတ်စုံကို မလဲပဲ အိပ်ပျော်သွားတာကြောင့် လဲရမည့်အတူတူ ရေပါတခါတည်းချိုးလိုက်သည်။
မွေးနေ့မှာ ဝတ်ဖို့ ဆုံးဖြတ်ထားတဲ့ အကျီ မိုးပြာရောင် ကွက်ကျားလေးနဲ့ လုံချည်ကို လိုက်ဖက်စွာ ဝတ်ဆင်လိုက်သည်။ အချိန်ကလည်း စောသေးတာမို့ ညကပို့ထားတဲ့ Wishတွေအတွက် ကျေးဇူးတင်စကားပြောရန် ဆုံးဖြတ်လိုက်သည်။
များပြားလှသော Messageတွေကို replyပြန်ရင်း တစ်ခုသော Messageအရောက် လက်မှာ တွန့်ခနဲ ဖြစ်သွားသည်။ *Ko Koတဲ့* ပို့လာသော နံပါတ်မှာလဲ နံပါတ်အစိမ်းပင် *လူနာတွေထဲက ကလေးလေးတစ်ယောက်ပဲ ဖြစ်မှာပါ*ဆိုကာ ဘာမှတွေးမနေတော့ပဲ replyပြန်လိုက်သည်။
At 7:30 AM.....
ဖုန်းကို ဘေးနားချလိုက်ကာ ခေါက်ပိုက်ဆံအိ်တ်ထဲ ပိုက်ဆံအနည်ငယ်ထည့်ပြီး ဆေးရုံမှ ထွက်လာတော့သည်။
"ဆရာ Happy Birthday"
"ကျေးဇူးပါဗျာ"
"ဒီနေ့ ခွင့်လားဆရာ"
"ဟုတ်တယ် မင်းမြတ်ရေ"
"စိတ်ချလက်ချသွား ဆရာ၊ ကျန်တာ ကျွန်တော် တာဝန်ယူထားလိုက်မယ်"
"ကျေးဇူး ကျေးဇူး"
"Happy Birthday ဆရာ "
"ကျေးဇူး ပန်းဝေနဲ့ မသူဇာ"
"မနက်ဖြန်မှ ပြန်ခဲ့တော့ဆရာ ဒီနေ့ တနေ့ကုန် လုပ်ချင်တာလုပ်တော့ "
"ဟားးးးး ဟုတ်ကဲ့ပါဗျာ ကျွန်တော့်ကို ခွင့်ပြုပါဉီး "
မင်းမြတ်ဆိုတာက ခန့်ညားပိုင်ရဲ့ ဆရာဝန် လက်ထောက်လေးပင်၊ တခြားသော ဆရာတွေဆီ ပြောင်းလဲပီး ထည့်ပေးပေမယ့် ခန့်ညားပိုင်အနားမှမခွာ နေနေတော့သည်။
At Shwedagon Pagoda.........
ခန့်ညားပိုင်သည် ဘုရားမှာရှိတဲ့ ပန်းစည်းလေးတွေကို ကလေးတွေဆီမှ ဝယ်ယူလိုက်သည်။ ထို့နောက် ဘုရားပေါ်သို့ တက်လာကာ အောင်မြေတွင် ဘုရားဝတ်ပြုလိုက်သည်။
VOUS LISEZ
ချစ်ခြင်း အစပျိုးရာ S1❤(Complete)
Roman d'amourငယ်ကလွဲရင် ဘယ်သူ့ကိုမှ အာရုံထဲ ရှိမနေဘူးဆိုတာ ယုံပါ By နက်ရှိုင်းသူ မောင့်အချစ်က ငယ့်အပေါ် စစ်မှန်ပါေစလို့ မျှော်လင့်တယ် By ခန့်ညားပိုင်