စိတ်မကောင်းဖြစ်တဲ့ မျက်နှာလေးနဲ့ ဒဏ်ရာကို ဆေးထည့်ပေးနေတဲ့ငယ်၊ သား နာမှာစိုးလို့ထင် လေလေးနဲ့မှုတ်ပေးကာ ဆေးကို ဖြည်းဖြည်းလေး ထည့်ပေးနေသည်။
"ပါးပါး"
"ဟင်"
Jackက ခန့်ညားပိုင် ဆေးလိမ်းပေးပြီးသည်နှင့် ပွေ့ဖက်နေတော့သည်။
"ပါးပါး စိတ်မကောင်း မဖြစ်နဲ့နော်၊ နောက် သား ဒီလို မလုပ်တော့ပါဘူး"
"Jack.......ပါးပါးအတွက် မိသားစုက အဖိုးတန်ဆုံးပဲ သား၊ ပါးပါးက မိသားစုကို ပျော်ပျော်ရွှင်ရွှင်လေး ဖြစ်စေချင်တယ်၊ ပြီးတော့ အခုလို ဖြစ်လို့ ပါးပါး စိတ်မဆိုးပါဘူး၊ ပါးပါး ကလေးလေးတွေအတွက် ပါးပါး ဂုဏ်ယူတယ်၊ ဂုဏ်ယူတယ်ဆိုတာ ဆိုးတာလုပ်လို့ မဟုတ်ဘူးနော်၊ တချို့ကိစတွေက အေးဆေး ဖြေရှင်းလို့ ရပေမယ့် တချို့သော အရာတွေက အခုလို လုပ်မှ ရတယ်ဆိုတာ ပါးပါး နားလည်တယ်၊ ဒါကြောင့် သူများတွေမှာ အောက်ကျခံစရာမလိုဘူး သား၊ Miaလေးက မိန်းကလေးမို့ ပါးပါး စိုးရိမ်ပေမယ့် သားက တချိန်လုံး ဂရုစိုက်နေလို့ ပါးပါး စိတ်ချတယ်၊ ပါးပါး စိတ်မကောင်းတာက ပါးပါးက သားတို့အတွက် အမေမဟုတ်ပဲ ပါးပါး ဖြစ်နေလို့ပဲ"
ကျွန်တော်တို့ မိသားစုက ဒီလိုပါပဲ တစ်ခုခုဆို ပွင့်ပွင့်လင်းလင်းနဲ့ ပြောဖြစ်ကြတာ၊ ဒါမှ ပိစိလေးနှစ်ယောက်က ကိုယ်ကိုကိုယ် ယုံကြည်မှုတွေ ရှိလာမှာလေ၊ အရမ်းကြီး ထိန်းချုပ်ထားမယ့် မိဘမျိုးထဲ ကျွန်တော်တို့မပါ၊ သိသင့်သိထို်က်တာ အားလုံး ပြောပြ လုပ်ပြမယ့် မိဘမျိုး ဖြစ်သည်။
"ပါးပါး စိတ်မကောင်းမဖြစ်ပါနဲ့နော်၊ သားတို့က အမေမလိုချင်ဘူး၊ ပါးပါးနဲ့ ဒယ်ဒီ့ကိုပဲ လိုတာ၊ကျန်တာ မလိုဘူး ပါးပါး၊ ပါးပါးရယ် ဒယ်ဒီရယ် Miaလေးရယ်က သားအတွက် အရေးကြီးဆုံးပဲ."
သားရဲ့စကားကြောင့် နှစ်ယောက်သား ပြုံးမိသည်။ ဆုလာဒ်တစ်ခုဆိုတာထက် ပိုတဲ့အရာကို ရခဲ့သည်ပဲ၊ ကြားလူဆိုတာ ဂရုစိုက်ရန်ပင်မလို၊အရင်ကတွေးခဲ့သည်က ကျွန်တော်တို့ ကလေးယူခဲ့တာမှန်ပေမယ့် ထိုကလေးကို ဘယ်လို ပြုစုပျိုးထောင်ရင်ကောင်းမလဲဆိုတဲ့ အတွေးတွေနဲ့ ကြောက်နေမိသည်။
VOCÊ ESTÁ LENDO
ချစ်ခြင်း အစပျိုးရာ S1❤(Complete)
Romanceငယ်ကလွဲရင် ဘယ်သူ့ကိုမှ အာရုံထဲ ရှိမနေဘူးဆိုတာ ယုံပါ By နက်ရှိုင်းသူ မောင့်အချစ်က ငယ့်အပေါ် စစ်မှန်ပါေစလို့ မျှော်လင့်တယ် By ခန့်ညားပိုင်