Part 13*

25.9K 1.7K 15
                                    

ထမင်းစားပြီး လမ်းလျှောက်တတ်တဲ့ ငယ်ကြောင့် သူလည်း အကျင့်ပါနေလေသည်။ နှစ်ယောက်သား အိမ်အပြင်ထွက်ကာ ခြံထဲ လမ်းလျှောက်ဖြစ်ကြသည်။

"ငယ်"

"ဘာလဲ"

ကျွန်တော်က ငြင်သာစွာ ခေါ်ပေမယ့် ငယ်ကတော့ ဘုဆတ်ဆတ် ပြန်ဖြေလေ့ရှိသည်။ ဒါကလည်း သူ့ပယောဂမကင်းပါပေ၊ သူအတင်းအကျပ်လုပ်ယူထားတဲ့ အရာတွေကြောင့်ဖြစ်သည်။

"ငြင်ငြင်သာသာလေး ထူးပါလား ငယ်ရယ်"

"ငါ့ဟာငါ ဘယ်လို ထူးထူးပေါ့"

"ဖွင့်ပွဲရောက်ရင်လေ ဘယ်သူဘာပြောပြော နားမထောင်နဲ့နော်"

"..........."

"အဲ့ချိန်ကျ လူတွေ အများကြီးနဲ့ တွေ့ရမှာ မောင် စိတ်မချဘူး"

"စိတ်မချရင် မခေါ်သွားနဲ့လေ"

"မခေါ်သွားလို့မရဘူးလေ ငယ်က မောင့်အပိုင် သူများတွေ မသိရင်တောင် မောင်ကတော့ ခေါ်မှာပဲ"

"မင်းပဲ စိတ်မချဘူးဆို"

"စိတ်မချတာက တစ်ပိုင်း ငယ်က မောင့်အပိုင် ဖြစ်နေတယ်ဆိုတာက တစ်ပိုင်း"

"မင်းပဲ အမျိုးမျ​ိုး"

"မောင်လို့ ခေါ်ပါဆိုနေ"

"ဒါနဲ့ ဘာလို့ အဲ့နေရာက ချုံတွေနဲ့ ဖြစ်နေတာလဲ"ဆိုပြီး လက်ညှိုးညွှန်ရာ ကြ ည့်လိုက်တော့ အိ်မ်ဘေးမှာ မရှင်းရသေးတဲ့ မြေကွက်တစ်ခု အမှန်တော့ ငယ်နဲ့တူတူနေတဲ့အခါ ငယ့်စိတ်တိုင်းကျ ဖန်တီးဖို့ ချန်ထားတဲ့ နေရာပင်

"ငယ် ဘာလုပ်ချင်လဲ အဲ့နေရာမှာ"

"မောင့်ရဲ့ အိမ်ပဲ မောင့်ဘာသာမောင်  စီစဉ်ပေါ့"

"ဟင့်အင်း အဲ့တာ ငယ့်စိတ်တိုင်းကျ ဖန်တီးဖို့  ချန်ထားတဲ့ မြေကွက် ငယ်ကြိုက်တာ လုပ်လို့ရတယ်"

"တကယ်လား"

"အင်း"

"ဒီနေ့ ရှင်းလို့ရလား"

"ငယ်လုပ်ချင်ရင် အချိန်မရွေးပဲ"

"အဲ့တာဆို ငါ အကျီသွားလဲ လိုက်ဉီးမယ်" ခုနကတော့ သူမဟုတ်တဲ့အတိုင်း အခုတော့ လုပ်ချင်တာ လုပ်ဆိုမှ တက်ကြွနေလေသော ငယ်

ချစ်ခြင်း အစပျိုးရာ S1❤(Complete)Où les histoires vivent. Découvrez maintenant