Part 9*

32.2K 1.9K 13
                                        

နက်ရှိုင်းသူသည် မနေ့က ခန့်ညားပိုင်ကို ပြောထားသည့်အတိုင်း စာချုပ်ကို ယူကာ ဧည့်ခန်းထဲမှာ ထိုင်စောင့်နေလိုက်သည်။ ခနအကြာတော့ သူဝတ်နေကျပုံစံအတိုင်း ရှပ်လက်တိုကို လုံချည်နဲ့ တွဲဝတ်ထားသည်။

"စာချုပ်ကို သေချာဖတ်စေချင်တယ် လက်မှတ်ထိုးပြီးရင် ပြန်ပြင်လို့ မရတာ ငယ်သိမှာပါ "

ကျွန်တော့်ကို ဘာမှ ပြန်မပြောပဲ စာချုပ်ကို ယူကာ ဖတ်နေလေသည်။ မျက်လုံးက ဝမ်းနည်းရိပ်တွေကို မြင်နေရပေမယ့် လက်မလွှတ်နိုင်တာကြောင့် လျှစ်လျူရှုကာနေလိုက်သည်။

"ငါက မင်းနဲ့ တူတူ အိပ်ရမှာ ဟူတ်လား"

"ကျစ် ငယ်......ကျွန်တော့်ကို 'မောင်'လို့ခေါ်ရမယ်ပြောထားတာ မေ့နေတာလား"

"Sorry အကျင့်ပါနေလို့" ခန့်ညားပိုင်သည် နက်ရှိုင်းသူရဲ့ စူးရဲရဲအကြည့်အား ဆက်မကြည့်တော့ပဲ တောင်းပန်စကားကိုသာ ဆိုလိုက်သည်။ အင်း တကယ့်ကို လက်ခုပ်ထဲက ရေလိုပါပဲလား

"မောင်နဲ့ တူတူ အိပ်ရမှာ ပြီးရင် မောင်က သဝန်တိုတတ်တယ်ဆိုတာတော့ ငယ် သိစေချင်တယ် "

ခန့်ညားပိုင်သည် နက်ရှိုင်းသူအား စာချုပ်၌ သဘောတူညီကြောင့် လက်မှတ်ထိုးမည်ဖြစ်ကြောင်း ပြောလိုက်သည်။

"ငါ့ဘက်ကရော တောင်း​ဆိုချင်တာတွေရှိရင် ရလား "

"Ok ပြောကြည့်လေ"

"မင်း sorry မောင် ငါ့ကို ထိခိုက်နာကျင်အောင် မလုပ်ပါဘူးဆိုတဲ့ ကတိ"

နက်ရှိုင်းသူသည် ခန့်ညားပိုင် စကားကို အနည်းငယ် စဉ်းစားလိုက်ပြီး

"ဟုတ်ပြီလေ သဘောတူတယ် အခု စာချုပ်က ေရှ့နေတွေရော သက်သေတွေရော ဘေးမှာရှိတဲ့အတွက် စိတ်ပူစရာမလိုဘူး"

ရှေ့နေတွေ သက်သေတွေ ခေါ်ထားရတဲ့ အကြောင်းအရင်းက ခန့်ညားပိုင်ကြောင့်ပင် စာချုပ်ကို ရှေ့နေရှေ့မှာ ချုပ်ရမှ အဆင်ပြေမည်ပြောတာကြောင့် သဘောအတိုင်း ဆောင်ရွက်ပေးလိုက်သည်။

နှစ်ဉီးသား သဘောတူ လက်မှတ်ထိုးပြီးနောက် ထွက်သွားဖို့အလုပ် နက်ရှိုင်းသူမှာ ခန့်ညားပိုင်ရဲ့ အနောက်မှ လှမ်းဖက်လိုက်သည်။

ချစ်ခြင်း အစပျိုးရာ S1❤(Complete)Место, где живут истории. Откройте их для себя