ကျွန်တော်လည်း ပိစိလေးနှစ်ယောက်ကို ထမင်းကျွေးပြီးနောက် ပုံပြင်ပြောပြဖို့ ပြောထားတာကြောင့် ကျွန်တော်တို့ ထမင်းစားပြီးသည်အထိ ပိစိလေးနှစ်ယောက်က စောင့်နေလေသည်။
ထမင်းလည်း စားပြီးရော ပိစိလေးနှစ်ယောက်က ကျွန်တော့်ကို ချီခိုင်းသည်။ သူတို့ ပါးပါးက ရေချိုးနေတာမို့ မရှိပေ။
"အားယား.....ဒယ့်ဒီ့ ပိစိလေး နှစ်ယောက်က လေးလိုက်တာဗျာ"
"ခိခိ...."
သားကတော့ ရီနေပေမယ့် မီးမီးလေးကတော့ ဆူပုတ်ပုတ်လေး ဖြစ်သွားသည်။"ထော်ဝူး..ဒီဒီ"(မခေါ်ဘူး ဒယ်ဒီ)
"ဟောဗျာ ဒယ်ဒီက ဘာလုပ်လို့လဲ"
"ပါးနဲ့....တိုင်"
"မီးမီးလေးကလည်း ဒယ်ဒီက စတာပါဗျာ"
"........."
မျက်နှာလေးလွဲဲပီး စိတ်ကောက်နေပုံက ငယ်နဲ့ တော်တော်တူသည်။ စိတ်ကောက်ရင်လည်း ချော့ရတာ မလွယ်။"ဒယ်ဒီ့ကို စိတ်ဆိုးသွားပြီပေါ့လေ ဟုတ်လား၊ ဒယ်ဒီက ပုံပြင်ပြောပြမလို့ကိုကွာ အခု စိတ်ဆိုးနေတယ်ဆိုတော့ မပြောတော့ပါဘူးလေ"
ထိုသို့ပြောလိုက်တော့ လွှဲထားတဲ့ မျက်နှာလေးက ကျွန်တော့်ကို ပြန်ကြည့်လာပြီး ငိုမဲ့မဲ့လေးနဲ့ ကြည့်လာသည်။
"ဒီဒီ"
"ပြောပါဗျာ"
"ပုံ ကျောပြ "(ပုံ ပြောပြ)
"မီးမီးလေးက ဒယ်ဒီ့ကို စိတ်ဆိုးနေတာ မဟုတ်ဘူးလား"
"ဆိုးတော့ဝူး"
"သေချာလား"
"အွန်းးး"
"အဲ့ဒါဆို ဒယ်ဒီ့ကို နမ်း"ဆိုတော့ နှစ်ယောက်သား အပြိုင်အဆိုင်ကိုပင် ကျွန်တော့်ပါးကို နမ်းတော့သည်။
"ချစ်ဖို့ ကောင်းလိုက်တာကွာ၊ ပုံပြင်ပြောပြဖို့ အခန်းထဲ သွားကြမယ်"
အခန်းထဲရောက်တော့ ပိစိလေးနှစ်ယောက်လုံးက ကျွန်တော့် ရင်ဘတ်ပေါ် မှောက်ရက်လေးအိပ်ပြီး ကျွန်တော်ပြောသမျှ နားထောင်နေသည်။
မကြာလိုက်၊ နှစ်ယောက်သား ကျွန်တော့်ပေါ်မှာပင် အိပ်ပျော်နေကြသည်။ နှစ်ယောက်သားက မျက်နှာပေါက်ချင်းဆင်ပေမယ့် ခဲဲွခြားလို့ရနိုင်တာက ဆံပင်ကြောင့် ဖြစ်သည်။ ငယ်က သမီးလေးကို ဆံပင်ရှည်လေးထားပေးထားတာမို့ ကျောလယ်လောက်နီးနီးရောက်နေသည်။
![](https://img.wattpad.com/cover/238616352-288-k551557.jpg)
YOU ARE READING
ချစ်ခြင်း အစပျိုးရာ S1❤(Complete)
Romanceငယ်ကလွဲရင် ဘယ်သူ့ကိုမှ အာရုံထဲ ရှိမနေဘူးဆိုတာ ယုံပါ By နက်ရှိုင်းသူ မောင့်အချစ်က ငယ့်အပေါ် စစ်မှန်ပါေစလို့ မျှော်လင့်တယ် By ခန့်ညားပိုင်