Part 46*

15.7K 1K 11
                                    

အခန်းလေးတစ်ခုထဲမှာ ငယ်ကတော့ ကုတင်ပေါ်မှာ အေးချမ်းစွာအိပ်နေသည်။

*ဖြူစင်လွန်းတဲ့ မောင့်ကလေးလေး၊ မောင်ကတော့ ဘယ်သူမှမတွေ့အောင် ဖွက်ထားလိုက်ချင်တယ်*

ခနအကြာတော့ အခန်းထဲ အဖြူရောင် ဝတ်စုံနဲ့ လူတွေ ဝင်လာကြသည်။ ပြီးတော့ ငယ့်ကို ခေါ်ဖို့ လုပ်နေကြသည်။

*ဘာလုပ်ကြတာလဲ ငယ့်ကို ဘယ်ခေါ်သွားကြမလို့လဲ မောင့်ရဲ့ ငယ် မခေါ်သွားကြပါနဲ့. တောင်းပန်ပါတယ်*

အော်ဟစ်ကာ လူးလှိမ့်လာသော မောင့်ကို အမြန်နှိုးရသည်။ ဘာတွေများ အိပ်မက်ဆိုးတွေ မက်နေတာလဲ

"မောင် ငယ်ရှိတယ်လေ၊ မောင် ထပါဉီး"

"ဟင့်အင်း မောင့်ကို မထားခဲ့ပါနဲ့၊ မောင်....မောင့်ကို."

ဘယ်လိုခေါ်ခေါ် မရတဲ့ မောင့်ကို ဆေးသွင်းထားတဲ့လက်ကိုတောင် အာရုံမစိုက်နိုင်ပဲ ပွေ့ဖက်လိုက်သည်။

"ထပါတော့ မောင်ရယ်၊ ငယ်ရှိတယ်လေ မောင့်အနားမှာ ငယ်ရှိတယ်"

"ဟင့်...ငယ်"

"အင်း ငယ်ရှိတယ်"

"ကြောက်နေခဲ့တာ၊ မောင့်ကို ထားခဲ့မှာကို ကြောက်နေခဲ့တာ"

"မထားခဲ့ပါဘူး မောင်ရယ်၊ တိတ် မငုိနဲ့တော့"

အတန်ကြာအောင် ချော့လိုက်တော့မှ အငိုတိတ်သွားတဲ့မောင်၊ အခုအခြေအနေဟာ ကျွန်တော်နဲ့  မောင့်ရဲ့ ပြောင်းပြန်အခြေအနေများလား

"ငယ်...ဘယ်လိုနေသေးလဲဟင်"
မျက်ရည်တွေကြားထဲက မေးလာတဲ့ မောင်က ကျွန်​ေတာ့်အတွက် သနားဖို့ကောင်းလွန်းသည်။

ကျွန်တော် ခုနကလို အိမ်မက်မျိုး ထပ်မမက်ချင်ပါ။ လုံးဝပျောက်ကွယ်သွားရင် ပိုကောင်းမည်။

ကျွန်တော့်ကိုဖက်ထားတဲ့ ငယ့်အား ဆွဲဖယ်လိုက်တော့ ဆေးအပ်ထိုးထားသော နေရာမှ အပ်မှာ ပြုတ်ထွက်ပြ၏ိ လက်တွင် သွေးထွက်နေသည်။ ဒါလည်း ကျွန်တော့်ကြောင့်ပဲလား

"ငယ် လက်မှာ"

"ရတယ် ဘာမှမဖြစ်ဘူး ပြန်လုပ်ခိုင်းလိုက်မယ် အာ့....."

ချစ်ခြင်း အစပျိုးရာ S1❤(Complete)Donde viven las historias. Descúbrelo ahora