နက်ရှို်င်းသူသည် Tinaဆေးထည့်ပြီး ပြန်သွားသည်နှင့် သူလည်း မြန်မာနိုင်ငံပြန်ဖို့ စီစဉ်လေသည်။ အကြောင်းက သူ ခန့်ညားပိုင်ကို ချော့ရဉီးမည်မလား
*ကိုကို ကျွန်တော် ကိုကို့ကို အလွှတ်ပေးမှာ မဟူတ်ဘူးဆိုတာတော့မှတ်ထားပေးစေချင်တယ် *
နက်ရှိုင်းသူသည် ပတ်တီးစီးထားသော လက်မောင်းတစ်ဖက်အား သိပ်၍ အားပြုမရတာကြောင့် အနည်းငယ် ဒေါသထွက်နေသည်။ ဤအခြင်းအရာကို မြင်သော Davidက နက်ရှိုင်းသူထံ ရောက်လာကာ
"ကျွန်တော် ဝတ်ပေးပါ့မယ် Boss "ဆိုကာ ဝတ်လက်စ အကျီလက်ရှည်ကို Davidက တာဝန်ယူ ဝတ်ပေးလိုက်သည်
"Boss အဆင်သင့်ဖြစ်ပြီ "ဟု Jလာပြောတာကြောင့် ခေါင်းကို ငြိမ့်ပြလိုက်ကာ ထွက်လာလိုက်သည်။
.................
အိမ်သို့ရောက်တော့ မနက်စောစော ဖြစ်တာကြောင့် ခန့်ညားပိုင် အိပ်နေတုန်းဆိုတာ သိလိုက်သည်။ တပတ်အတွင်း အဖြစ်အပျက်မှန်သမျှကို သူကိုယ်တိုင် ကြားပြီးတာကြောင့် ဘာမှ မေးစရာမရှိ။
နုံးနေတဲ့ ကိုယ်ကြောင့် ရေချိုး သန့်စင်လိုက်သည်။ ဆေးကို ဂရုတစိုက်ထည့်ပြီး ပတ်တီးကို ကိုယ်တိုင်သေချာစည်းလိုက်သည်။ ပြီးမှ အပေါ်ကို ရှပ်လက်ရှည်တစ်ထည် ဝတ်လိုက်သည်။
နက်ရှိုင်းသူသည် ပြင်ဆင်ပြီးသည်နှင့် ခန့်ညားပိုင်ရဲ့ အခန်းထဲသို့ ခြေဉီးတည်လိုက်သည်။ အခန်းတံခါးအား ညင်သာစွာ ဖွင့်လိုက်တော့ မဲမှောင်နေတဲ့ အခန်းထဲက မီးရောင် ပြပြလေး
ဒါ သူကိုယ်တိုင် ဖန်တီးပေးထားတဲ့ အခန်း ငယ်ငယ်က နှစ်ယောက်သား တူတူ အိပ်ရတဲ့ နေ့တွေဆို ကိုကိုက အမှောင်ထဲမှာ မီးရောင်ပြပြလေးနဲ့ နေရတာ ကြုိက်မှန်းသိခဲ့သည်။ လိုက်ကာကို ဆွဲကာ ဖွင့်လိုက်တော့
အိပ်ရာပေါ်က ခန့်ညားပိုင်မှာ လူးလိမ့်နေပြီး တစ်ဘက်ခြမ်းသို့ လှည့်သွားသည်။ နက်ရှိုင်းသူသည် ခန့်ညားပိုင်နား သွားလိုက်ကာ
"ကိုကို မထသေးဘူးလား"
". .........."
"ကိုကို ထတော့ ကျွန်တော်တောင် ပြန်ရောက်နေပြီ"
![](https://img.wattpad.com/cover/238616352-288-k551557.jpg)
VOUS LISEZ
ချစ်ခြင်း အစပျိုးရာ S1❤(Complete)
Roman d'amourငယ်ကလွဲရင် ဘယ်သူ့ကိုမှ အာရုံထဲ ရှိမနေဘူးဆိုတာ ယုံပါ By နက်ရှိုင်းသူ မောင့်အချစ်က ငယ့်အပေါ် စစ်မှန်ပါေစလို့ မျှော်လင့်တယ် By ခန့်ညားပိုင်