ခန့်ညားပိုင်သည် Dutyပြီးသည်နှင့် နာရီကို ကြည့်လိုက်တော့ ၉နာရီ ထိုးရန် ၁၅မိနစ် အလို၊ နားနေခန်းထဲ သွားလိုက်ကာ Duty Coatကို စနစ်တကျ ထည့်လိုက်ရင်း ေဆးရုံရှေ့ ခုံတန်းနားတွင် ဖုန်းသုံးကာ စောင့်နေလိုက်သည်။
တဖြည်းဖြည်း အေးစိမ့်လာသလို ခံစားရတာကြောင့် မနက်က နက်ရှိုင်းသူ ထည့်ပေးလိုက်တဲ့ အနွေးထည်ကို ဝတ်လိုက်သည်။ ဒီကလေးက ဂရုတော့ စိုက်တတ်သားပဲ၊ နာရီကို တချက်ကြည့်လိုက်တော့ ၁၀နာရီပင် ထိုးနေလေပြီ မေ့နေတာများလား ဒါမှမဟုတ် သတိမထားတာလား။
ခန့်ညားပိုင်သည် နက်ရှိုင်းသူအား ဖုန်းခေါ်လိုက်တော့ ဖုန်းသာ ဝင်ပြီး ဖုန်းမကိုင်ပေ။
"ဆရာ မပြန်သေးဘူးလား"
"အော် ပန်းဝေ ဆရာ စောင့်ရမယ့် လူတစ်ယောက်ရှိသေးလို့"
"ဟုတ်လား ဒါဖြင့် ပန်းဝေ ပြန်နှင့်တော့မယ် ဆရာ"
"ကောင်းကောင်း ပြန်ဉီး ပန်းဝေ"
"ဟုတ်ကဲ့ ဆရာ"
အတန်ကြာ စောင့်သည်အထိ ရောက်မလားတာကြောင့် ခန့်ညားပိုင် ဒေါသထွက်လာသည်။ ထိုစဉ် သူ့ရဲ့ အရှေ့သို့ ကားတစ်စီး ရပ်နေကာ
"အကိုလေး အိမ်ပြန်ဖို့ လာခေါ်တာပါ "ဆိုကာ ကြည့်လိုက်တော့ Davidဖြစ်နေသည်။
"ဘယ်မှာလဲ မင်းတို့ Bossက"
"ဟို...ကိစလေး တစ်ခု ရှိနေလို့ပါ"
"စောင့်ရတဲ့သူကို အားလေးတော့ နာသင့်တယ် ထင်တယ်"
"တောင်းပန်ပါတယ် အကုိလေး"
ခန့်ညားပိုင်လည်း ဘာမှ ဆက်မပြောနေတော့ပဲ ကားထဲသာ ဝင်ပြီး အိမ်ပြန်လိုက်သည်။
အိမ်ရောက်တော့ အလုပ်က ယနေ့မှ ပြန်စရတာကြောင့် အနည်းငယ် ပင်ပန်းနေသည်။ ရေမိုးချိုး အဝတ်အစားလဲလိုက်ကာ တခုခုစားရန် အိမ်အောက်ထပ်ဆင်းလာတော့ တံခါးBell တီးသံ ကြားလိုက်သည်။
ကလေးမလေးတစ်ဉီးက သွားဖွင့်ဖို့ အလုပ်
"နေ....နေ အကုိ ဖွင့်လိုက်မယ် တခြားကိစသွားလုပ်ချည်"
VOUS LISEZ
ချစ်ခြင်း အစပျိုးရာ S1❤(Complete)
Roman d'amourငယ်ကလွဲရင် ဘယ်သူ့ကိုမှ အာရုံထဲ ရှိမနေဘူးဆိုတာ ယုံပါ By နက်ရှိုင်းသူ မောင့်အချစ်က ငယ့်အပေါ် စစ်မှန်ပါေစလို့ မျှော်လင့်တယ် By ခန့်ညားပိုင်