ငယ် နေ့လည်နေ့ခင်း တရေးအိပ်နေသည်မို့် ကျွန်တော်လည်း မနှိုးတော့ပဲ ထွက်လာခဲ့သည်။ အကြောင်းက ဟိုတစ်နေ့က ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာကြောင့် ကျွန်တော့်အဖေကို သွားတွေ့ဖို့သာ ငယ်သာ သိရင် လွှတ်မှာ မဟုတ်၊ ဒါကြောင့် ငယ် အိပ်တုန်း ခိုးထွက်လာခဲ့သည်။
အိမ်ကို ရောက်တော့ အလုပ်သမားတွေက ကျွန်တော့်ကို မြင်သည်နှင့် ခေါင်းကိုငုံ့ကာ နှုတ်ဆက်ကြသည်။ အားလုံးကို ဂရုစိုက်မနေပဲ အိမ်ထဲသို့ တန်းဝင်လိုက်သည်။ အဖေကတော့ ကျွန်တော်လာမှာကို သိမည့်ပုံ၊ အကြောင်းက ကျွန်တော့နောက် လူလွှတ်ကာ စုံစမ်းတတ်တာကို ကျွန်တော်သိသည်။
"သား ရောက်လာပြီလား အဖေက မျှော်နေတာ"
အဖေ့ကို တစ်ယောက်တည်း တွေ့ရတာ မဟုတ်ပဲ ဘေးမှာ အဖေ့ထက် အနည်းငယ် ငယ်မည့် မိန်းမကြီး တစ်ယောက်ထိုင်နေသေးသည်။
ထိုင်ပါဆိုသော စကားကို မစောင့်တော့ပဲ ဝင်ထိုင်လိုက်သည်။
"သား မတွေ့ရတာ ကြာလို့ထင်တယ် ငါ့သားက အခုမှပဲ "
"အဟက် မတွေ့တာ ကြာတာရော ဟုတ်လု့ိလား"
"သား "
"ခင်ဗျားကို အ့ံသြလို့မဆုံးဘူး ပစ်တုန်းက ပစ်ခဲ့ပြီး သားလို့ မှတ်ယူသေးတယ်လား"
"သား မင်း ဘယ်လိုတွေ ပြောနေတာလဲ"
"ကျွန်တော် လိုရင်းတိုရှင်းပဲ ပြောမယ် ခင်ဗျား ငယ့်နားကို ကပ်ဖို့ မကြိုးစားနဲ့"
"သား အဖေ့စိတ်ကို နားလည်ပေး အဖေက သားကို ယောက်ျားချင်းကြိုက်တာ ခွင့်မပြုနိုင်ဘူး လက်လည်း မခံနိုင်ဘူး"
"ကျွန်တော်ကရော ခင်ဗျား ခွင့်ပြုချက်တောင်းမယ် ထင်လို့လား အဟက်.....ခင်ဗျား အမှတ်မှားနေပြီထင်တယ် ကျွန်တော့်ကို ပစ်ပစ်ခါခါ ထားခဲ့တဲ့ နေ့ကစ ကျွန်တော့်မှာ အဖေဆိုတာ မရှိတော့ဘူး ဒါတောင် ဘယ်ကနေ ဘယ်လို ရောက်လာပြီး ကျွန်တော့်ကို ခြယ်လှယ်ချင်သလို လာလုပ်နေတာလဲ"
"မင်း!!!"
"အခုက သတိလာပေးတာ နောက်တစ်ခါ ငယ့်နားကို တခုခုလုပ်တာပဲဖြစ်ဖြစ် စကားနဲ့တောင် လာမထိခိုက်နဲ့ ငယ့်ဆီကို လာလည်းမလာနဲ့ အကယ်၍ တခုခုဖြစ်သွားခဲ့ရင် ကျွန်တော့် ခင်ဗျားကို ညှာမှာ မဟုတ်ဘူးနော် ကြိုပြောထားတာ"
VOCÊ ESTÁ LENDO
ချစ်ခြင်း အစပျိုးရာ S1❤(Complete)
Romanceငယ်ကလွဲရင် ဘယ်သူ့ကိုမှ အာရုံထဲ ရှိမနေဘူးဆိုတာ ယုံပါ By နက်ရှိုင်းသူ မောင့်အချစ်က ငယ့်အပေါ် စစ်မှန်ပါေစလို့ မျှော်လင့်တယ် By ခန့်ညားပိုင်