Part 39*

16.8K 1.1K 14
                                    

"မောင်....လုပ်ပါ ငယ် ရေကူးချင်လို့လို့....နော်"

"မိုးတအားချုပ်နေပြီလေ ငယ်ရာ ေနမကောင်းဖြစ်လိမ့်မယ်"

"ခနပဲလေ မောင်ရဲ့ နော်"

"မရဘူးငယ် မောင် မလွှတ်ဘူး ငယ်က တညနေလုံး အိပ်ထားပြီးတော့"

"မောင်ကလည်း လုပ်ပါ တခါလေးပဲ ငယ် ရေအရမ်း ကူးချင်နေလို့ ပြွစ်...ပြွစ်....ပြွစ်...."

ရေကူးခွင့်မပြုတဲ့ ကျွန်တော့်ကို ချွဲချင်နေတဲ့ ငယ်က ကျွန်တော့နှုတ်ခမ်းအား အနမ်းတွေချည်း ပေးနေချေသည်။ အရည်ပျော်မတတ်ဖြစ်လာတဲ့ ကျွန်တော်ဟာ ငယ့်အနမ်းတွေကြောင့် အရှုံးပေးရချေသည်။

"ရပြီ ရပြီ....ပေးကူးမယ် ဟုတ်ပြီလား ဒါပေမယ့် ခနပဲ ရမှာ"

"အင်း..အင်း ရတယ် ခနပဲ "

"ဆရာဝန်ဆိုပြီး ကိုယ့်ကျန်းမာရေးတောင် ကိုယ်ဂရုမစိုက်တော့ပါဘူးဟမ် ငယ်"

"မောင်ရှိတယ်လေ"

ထိုစကား ကြားရတော့ကျွန်တော် သဘောကျမိသည်။ ကျွန်တော်ကို အားကိုးသလို မှီခိုသလို ခံစားရတောင်ကြောင့် အတိုင်းမသိ ဝမ်းသာသည်။

"မောင် ဘာလို့ အဲ့လောက် ပြုံးနေတာလဲ"

"ပျော်လို့ ငယ်က မောင့်ကို အားကိုးမှန်း သိလို့ ပျော်တယ်"

"ဟားးးဟားးးး ဘာများလဲလို့ ငယ်က အားကိုးတယ်ဆိုတာထက် မောင်က ငယ့်ကို မျက်ရည်ကျအောင် ဘယ်တော့မှ မလုပ်မယ့်လူဆိုတာ ယုံကြည်တယ်"

"ပြွစ်.....မောင့်ကို ယုံကြည်ပေးလို့ ကျေးဇူးတင်ပါတယ်"

နှစ်ယောက်သား အတန်ကြာအောင် မျက်လုံးချင်း ဆုံမိကြသည်။ နောင်တမရတော့မယ့် အကြည့်တွေနဲ့ပေါ့။ အချစ်ဆူံးဖြစ်ခဲ့သည်။ ချစ်တာထက် ပိုချစ်ခဲ့သည်။

သေရင်တောင် နောင်တမရတဲ့ သေခြင်းမျိုးနဲ့ သေလိမ့်မည် ထင်သည်။ နောက်ရက်တွေအတွက် မစဉ်းစား၊ လက်ရှိ ငယ်နဲ့ တူတူ နေရမယ့် အချိန်ကိုသာ အလေးထားသည်။ အကောင်းဆုံးဖြစ်အောင် ဖန်တီးပေးမည်။

"ငယ်သွားရအောင် ပိုပြီး အေးနေလိမ့်မယ်"

"မောင်လည်း ကူးနော်"

ချစ်ခြင်း အစပျိုးရာ S1❤(Complete)Où les histoires vivent. Découvrez maintenant