Part 67*

14.8K 921 15
                                    

အခုဆိုရင် ငယ့်ရဲ့ ကိုယ်ဝန်ဟာ မွေးဖွားမည့်ရက်နီးလာပြီ ဖြစ်သည်။ ဒီအတောအတွင်း ငယ်ဟာ နေထိုင်မကောင်းဖြစ်သလို သွားရလာရလည်း အဆင်မပြေဖြစ်သွားခဲ့သည်။ ခြေထောက်လေးတွေဟာလည်း ရောင်ကိုင်းကာ ဖောင်းနေလေသည်။

ထိုသို့ ခံစားနေရတာကို မြင်ရသူ ကျွန်တော် ကိုယ်တိုင်တောင် ရင်ထဲမကောင်း ဖြစ်ရသည်။ ညဆို အိပ်ခါနီးတိုင်းနှိပ်ပေးပြီး သက်တောင့်သက်သာ ဖြစ်အောင်လို့ တရေးနိုးတိုင်း ပြင်ဆင်ပေးမိသည်။

ကျွန်တော် အိပ်ရေးပျက်တယ်ဆိုပေမယ့် ငယ့်လောက်တော့ မဆိုးပါ။ ငယ့်ရဲ့ နာကျင်မှုဒဏ်တွေ အကုန်လုံး ကျွန်တော်သာ လက်လွှဲယူလိုက်ချင်သည်။

အခုလည်း ကျွန်တော် တရေးနိုး ရေဆာလာတာကြောင့် အောက်ထပ်မှာ ရေယူပြီး ပြန်တတ်လာတော့ ငယ့်ရဲ့ မျက်နှာလေးက ရှုံ့မဲ့နေတာကို တွေ့လိုက်သည်။

"ငယ်"

"ဟင့်.. မောင်"

"နေရခက်လာလို့လားဟင်"

"အင်း"

"ခနထမလား"

"ငယ့်ကို ထူပေးဉီး"

"အင်း ဖြေးဖြေးထ၊ မောင့်လက်ကိုကိုင်ထား"

ငယ့်ကို သေချာလေး ထိုင်ခိုင်းပြီးသည်နှင့် ကျွန်တော် ယူလာတဲ့ ရေကို တိုက်လိုက်သည်။ ပြီးနောက် ငယ်ဘေးမှာ ဝင်ထိုင်လိုက်တော့ ငယ်က ကျွန်တော့်ပခုံးပေါ် မှှီကာ အိပ်လေသည်။

"အရမ်းနေရခက်လာရင် မောင့်ကို ပြောနော်"

"အင်း.. မောင် အိပ်ရေးပျက်တော့မှာပဲ"

"မပျင်ပါဘူးဗျာ ငယ်သက်သာဖို့သာ အရေးကြီးတာပါ အခုရော အဆင်ပြေရဲ့လား"

"အင်း"

"သိပ်မကြာခင် ပိစိလေးကို မြင်ရတော့မယ်နော်၊စိတ်တွေ လှုပ်ရှားနေပြီ "

"အင်း.....ငယ်ရောပဲ ပိစိလေးကို ဘာနာမည်ပေးဖို့စဉ်းစားထားလဲဟင် "

"မောင်လည်း မပြောတတ်ဘူး မွေးလာမှပဲ ယောက်ျားလေးလား မိန်းကလေးလား သိရမှာကို"

"ဟီးးးးး ဟုတ်သားပဲ"
ကျွန်တော် ငယ့်ရဲ့ ပူဖောင်းဖောင်း ဗိုက်ကလေးပေါ် လက်လေးတင်လိုက်ကာ ပွတ်ပေးလိုက်ပြီး

ချစ်ခြင်း အစပျိုးရာ S1❤(Complete)Onde histórias criam vida. Descubra agora