မေ့ဆေးအရှိန်ကြောင့်အခုထိ မနိုးလာသေးတဲ့ ငယ့်အား ရေစိုအဝတ်ကလေးနဲ့ သန့်ရှင်းအောင် လုပ်ပေးလိုက်သည်။ မျက်နှာလေးက အနည်းငယ် နွမ်းနေပုံပေါ်နေပေမယ့်လည်း ဆရာဝန်ကတော့ အဆင်ပြေပါလိမ့်မယ်လို့ ပြောထားတာကြောင့် ငယ်နိုးဖို့သာ စောင့်ရတော့သည်။
ဘေးမှာတော့ ကျွန်တော့်ရဲ့ အသည်းအသက်လေး ၂ယောက်၊ ကြည့်လိုက်တိုင်း ကြည်နူးရမှုကအပြည့်၊ ပိစိလေးနှစ်ယောက်လုံးက လုံးလုံးကစ်ကစ်လေး ဖြစ်သည်။ ချီလိုက်တိုင်း ပြုံးပြုံးလေးကြည့်တတ်တဲ့ ပိစိလေးနှစ်ယောက်၊ အပြုံးတွေကတော့ ငယ့်နဲ့ တူသည်။
"အင်းးးး"
ကျွန်တော် ကလေးတွေကို ကြည့်နေတုန်း ငယ်က နိုးလာသည်။"ငယ်"
"........."
"နေလို့ကောင်းရဲ့လား"
"အင်း ပိစိလေးရော"
"မောင်ပြမယ်"
ကျွန်တော် အကြီးလေးကို အရင်ချီကာ ငယ့်လက်ထဲ ထည့်လိုက်သည်။ ပြီးနောက် အငယ်လေးကိုပါ ချီလိုက်ပြီး ငယ့်ဘေးမှာ ထိုင်လိုက်တော့ ငယ်က အ့ံသြနေတဲ့ပုံနဲ့ ကျွန်တော့်ကို တလှည့် ပိစိလေးတွေကို တလှည့်ကြည့်နေသည်။"မောင်"
"အ့ံသြ သွားလား ငယ်၊ ပိစိလေးတွေက မောင်တို့ဆီကို အမွှာလေးတွေအဖြစ်ရောက်လာတာ"
"............"
ငယ်က နီတာရဲလေးနှစ်ယောက်ကို ကြည့်ရင်း မျက်ရည်လေးဝဲလို့ နေသည်။
"ငယ့်လက်ထဲက အကြီးလေး ယောက်ျားလေး၊မောင့်လက်ထဲကတော့ အငယ် မိန်းကလေး မပျော်ဘူးလားငယ်"
"သားသားက မောင်နဲ့ တူတယ်နော်"
"ဟုတ်လို့လား"
"ကြည့်ကြည့်.......ငယ့်ကို ပြုံးပြနေတာ"
ငယ့်လက်ထဲ ကလေးနှစ်ယောက်ကို ခနတာ ချီထားခိုင်းလိုက်တော့ ပြုံးပျော်နေသည်။ ကျွန်တော် ဖုန်းကိုထုတ်ကာ ငယ် ကလေးလေးနှစ်ယောက် ချီထားတာကို ဓာတ်ပုံရိုက်လိုက်သည်။
"မောင့်ကို အငယ်မလေးပေး၊ ငယ် အကြာကြီး မချီထားနဲ့"
ကျွန်တော် တောင်းတာကိုတောင် ပေးချင်မပေးချင် ဖြစ်နေသော ငယ်
VOCÊ ESTÁ LENDO
ချစ်ခြင်း အစပျိုးရာ S1❤(Complete)
Romanceငယ်ကလွဲရင် ဘယ်သူ့ကိုမှ အာရုံထဲ ရှိမနေဘူးဆိုတာ ယုံပါ By နက်ရှိုင်းသူ မောင့်အချစ်က ငယ့်အပေါ် စစ်မှန်ပါေစလို့ မျှော်လင့်တယ် By ခန့်ညားပိုင်