Part 25*

21.1K 1.4K 25
                                    

ကျွန်တော့် ခြေထောက် ဒဏ်ရာကြောင့် အိမ်မှာ အကြာကြီးနားခဲ့ရသည်။ ပျောက်ကင်းပြီးသည်တိုင် မောင်က အလုပ်ကို မလွှတ်သေး၊ သူကို်ယ်တိုင် အမာရွက်လေးတွေကို ဆေးလိမ်းပေး ဂရုစိုက်ပေးသည်။

မောင့်ရဲ့ လိုလေသေးမရှိ ထားနေမှုက ပြီးပြည့်စုံလွန်းသည်။ ကျွန်တော်က အကြီးဆိုပေမယ့် သူက ဉီးဆောင်နေလေသည်။ ကျွန်တော့်ထက် ငယ်သော်ငြား ကျွန်တော့်ကို ဆိုးခွင့် ချွဲခွင့် စိတ်ကောက်ခွင့်ဆိုတဲ့ အခွင့်အရေး အကုန်ပေးထားသည်။

မောင်ကိုယ်တိုင်ကလည်း တခါတလေ ကျွန်တော့်ကို စိတ်ဆိုးစိတ်ကောက် လုပ်လေ့ရှိသည်။ သဝန်တိုတတ်သည့် နေရာမှာတော့ ပြောစရာမလိုလောက်အောင်ပင်

"မောင်"

"ဗျာ"

"ဒီနေ့ ဆေးရုံ လိုက်ပို့မယ်မလား"

"ငယ် အလုပ်ဆင်းချင်နေပြီဆို သွားလေ မောင် ပို့ပေးမယ်"

"ငယ့်ကို စိတ်ဆိုးလားဟင် ငယ် အလုပ်သွားတာကို"

"စိတ်ဆိုးစရာလားငယ်ရယ် ငယ်လည်း အလုပ်လုပ်ချင်နေမှာပေါ့ အိမ်မှာဘနေရတာ ကြာပြီမလား မောင့် စိတ်အတိုင်းသာဆို မသွားစေချင်ဘူး ဒါပေမယ့် ငယ်သွားချင်တယ်ဆိုရင်တော့ မောင် ခွင့်ပြုပါတယ်"

"အဲ့တာတွေကြောင့် ချစ်နေရတာ လာ...လာ....Kissပေးမယ်"

"ဟားးးဟားးးးငယ်ကတော့ တကယ်ပါပဲ"

"ဆေးရုံသွားဖို့ ပြင်လိုက်ဉီးမယ်"

"​အင်း အေးအေးဆေးဆေး လုပ်"

"အင်း"

............................

ဆေးရုံရောက်တော့ ထုံးစံအတိုင်း မောင်က မှာတမ်းခြွေလို့မပြီး၊ ခြေထောက်ကို ဂရုစိုက်ဖို့ ဘယ်သူနဲ့မှ စကားကြာကြာ မပြောဖို့ စသဖြင့် နေ့တိုင်းနီးပါး မှာနေတာတောင် မပြီးနိုင်တဲ့ မောင်ဖြစ်သည်။

"မောင် အလုပ်တွေ နောက်ကျနေပါဉီးမယ် သွားတော့"

"ဘာလဲ ငယ်က မောင့်ကို နှင်ထုတ်တာလား"

"မောင်ရာ မရစ်နဲ့ ငယ်အလုပ်ဝင်ရဉီးမယ်လေ"

"ငယ်က မောင့်ကို ရစ်တယ်လို့ထင်တယ်ပေါ့"

ချစ်ခြင်း အစပျိုးရာ S1❤(Complete)Où les histoires vivent. Découvrez maintenant