Part 19*

23.6K 1.5K 21
                                    

နက်ရှိုင်းသူသည် ရေချိုးခန်းထဲမှ ထွက်လာသော ခန့်ညားပိုင်အား စွေ့ခနဲ ပွေ့ချီလိုက်သည်။

"အမယ်လေး မောင်!!!"

"ဟားးဟားးး လန့်သွားတယ်လား ငယ်"

"ပြန်ချပေး"

"မချပါဘူး"ဆိုကာ Sofaပေါ် ထိုင်လိုက်ပြီး ခန့်ညားပိုင်အား ပေါင်ပေါ်တင်ကာ ထိုင်ခိုင်းလိုက်သည်။

"မောင်...ဖယ် ဘေးမှာ ထိုင်မလို့"

"မရဘူး မောင့်ပေါ်မှာပဲ ထိုင်"

"မောင်ကလည်း မောင် ခရီးက ပြန်လာတာလေ ပင်ပန်းနေမှာပေါ့"

"ဟင့်အင်း မောင်က ငယ့်မျက်နှာ မြင်ပြီးကတည်းက ပင်ပန်းတာတွေ ပျောက်သွားပြီ"

".........."

"ပြောပါဉီး မောင့်ကို တိုက်တဲ့ Supriseအကြောင်းလေး"

"ဘာလို့လဲ မောင်"

"ငယ်က အထူးအဆန်းတွေလုပ်ပြီး မောင်က အ့ံအားသင့်တာပေါ့ ငယ်ရဲ့ တကယ်ပဲ မောင့်ကို အဖြေပေးလိုက်တာလား"

"ဘာလဲ မောင်က ငယ့်ကို မယုံဘူးလား"

"အဲ့လို မဟုတ်ဘူးလေ ငယ်ရဲ့ မောင်က ရုတ်တရက်ဆိုတော့ လန့်သွားတာပေါ့ ငယ့်ကို မယုံတာမဟုတ်ဘူး"

"အင်း အဲ့စာက တကယ် နောက်နေတာမဟုတ်ဘူး"

"ချစ်လိုက်တာ ငယ်ရာ မောင့်မှာ အခုထိ ရင်တွေ ခုန်နေတုန်း"

"နေဉီး မောင့်ကို မကျေနပ်တာ ရှိသေးတယ်"

"ကဲ ပြောပါဉီး....ဘာမကျေနပ်တာလဲ"

"ငယ့်ကို ၂ရက်ကြီးများတောင် ပစ်ထားတာလေ"

"၂ရက်လေးပဲ ပစ်ထားမိတာပါ ဘယ်နှယ့် ၂ရက်ကြီးတောင် ဖြစ်သွားတာလဲ ငယ်"

"မသိဘူး ၂ရက်ကြီးဆို ၂ရက်ကြီးပဲ"

"ကဲပါဗျာ မောင်ကပဲ တောင်းပန်တယ် မောင်က ငယ့်ကို ပစ်ထားစရာလား မောင့်မှာ ငယ့်တစ်ယောက်ပဲ ရှိတာကို မောင်က ပစ်ထားတာမဟုတ်ဘူးငယ်ရဲ့ မောင့် အလုပ်တွေက မပြီးမှ မပြီးနိုင်ပဲ ၂ပတ်နီးပါးတောင် ဖြစ်နေပြီလေ မောင်ကလည်း ငယ့်ကို အရမ်းတွေ့ချင် မောင်က စိတ်မထိန်းနိုင်မှာစိုးလို့ ၂ရက်လောက်လေးပဲ အဆက်အသွယ်ဖြတ်လိုက်မိတာ ငယ်... ငယ့်ကို ပစ်ထားသလို ဖြစ်သွားခဲ့ရင် မောင် တောင်းပန်ပါတယ်"

ချစ်ခြင်း အစပျိုးရာ S1❤(Complete)Donde viven las historias. Descúbrelo ahora