Part 42*

15.2K 986 9
                                    

"စုံစမ်းခိုင်းထားတာ ရပြီလား"

"ရပါပြီ Boss"

"Ok ငါ့ကို တင်ပြ"

"ပုံမှန်အားဖြင့် ခန့်ညားပိုင်က ဆေးရုံမှာ ရှိနေတာများပါတယ် ပြီးတော့ Dutyဆင်းတိုင်း နက်ရှိုင်းသူ လာကြိုပါတယ် တစ်ယောက်နဲ့ တစ်ယောက် မတွေ့ရတဲ့ အချိန်ဆိုလို့ နက်ရှိုင်းသူ Companyရောက်နေပြီး ခန့်ညားပိုင်က Dutyရှိနေတဲ့ အချိန်ပါ... "

"ကောင်းပြီ အဟက်....တွေ့ကြသေးတာပေါ့ နက်ရှိုင်းသူရာ"

ဘုန်းသွင်တစ်ယောက် အကြံအစည် အောင်မြင်ရေးအတွက် အစီအစဉ်ဆွဲနေတော့သည်။နက်ရှိုင်းသူကို အပိုင် အနိုင်ရနိုင်ဖိူ့ သူ့ရဲ့ တစ်ခုတည်းသော အားနည်းချက်ဖြစ်သည့် အရာက ခန့်ညားပိုင် ဖြစ်နေမှန်းသိလိုက်ရသည်။

ဘာကြောင့် အနိုင်ယူချင်နေလဲဆိုတဲ့ အကြောင်းကတော့.....

...................

ညက နောက်ကျမှ အိပ်ပျော်တဲ့ မောင့်ကြောင့် မနှိုးတော့ပဲ နိုးလာရင် စားဖို့ တစ်ခုခု ပြင်ဆင်လိုက်သည်။ Dutyကလည်း ရှိသေးတာမို့ ရေမိုးချိုး ပြင်ဆင်လိုက်ကာ အိပ်ပျော်နေသော မောင့်အား ရုံးတက်ရန် နှိုးရသည်။

"မောင် ထတော့လေ၊ Companyသွားရဉီးမှာ မလား"

ကျွန်တော် နှိုးလိုက်တော့ မောင်က လူးလိမ့်နေသည်။

"ပြွစ်....ထတော့ မောင်ရဲ့ ငယ်တောင် အကုန် ပြင်ဆင်ပြီးနေပြီ၊ မောင်ပဲ ကျန်တော့တာ"

"..........."

"ထတော့လို့ မောင် လိမ်မာတယ်"

"အွန်း"

"နိုးပြီမလား ထတော့နော်"

"မောင့်ကို နမ်းဉီး"

ကျွန်တော် မောင့်ရဲ့ တောင်းဆိုချင်အတိုင်း နမ်းလိုက်တော့ မောင်က ပြုံး၍ နေသည်။ ချစ်ရသူ အပြုံးမြင်ရတာ ဘယ်လောက်တောင် စိတ်ချမ်းသာဖို့ ကောင်းလဲ ဆိုသည်က မိမိ အသိပင် ဖြစ်သည်။

"ငယ် စောစော နိုးနေတယ်ပေါ့"

"အင်း မနက်စာတောင် ပြင်ပြီးပြီ"

"ငယ်ကိုယ်တိုင် လုပ်ထားတာလား"

"အင်း"

"ဘာလို့ လုပ်တာလဲငယ်ရာ တခုခု ထိခိုက်သွားရင် ဘယ်လို လုပ်မလဲ"

ချစ်ခြင်း အစပျိုးရာ S1❤(Complete)Where stories live. Discover now