Part 37*

16.4K 1.1K 27
                                    

ကျွန်တော့်ရဲ့ ရင့်ကျက်တည်ငြိမ်တဲ့ စိတ်တွေဟာ မောင့်ရှေ့မှာတော့ ပျောက်ကွယ်ကုန်သည်။ မောင့်ရဲ့ အလိုလိုက်မှုတွေကြား ပျော်မွေ့နေတဲ့ ကျွန်တော့်ဟာ မောင့်ထက် အသက်ကြီးသည်ဆိုတာကို မေ့နေသယောင်ယောင် ဖြစ်လာသည် ။

မောင့်ရဲ့ သီးသန့်အခန်းလေးက ရိုးရှင်းပြီး အမြင့်ဆုံးမှာ ဖြစ်တာမို့ မြို့တစ်မြို့လုံးရဲ့ မြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်ရချေသည်။ လိုက်ကာကို ဖွင့်လိုက်သည်နှင့် စိမ်းစိုစို အပင်လေးတွေက မနက်ခင်းကို ​ကြိုဆိုလျက်၊ ကျွန်တော် Viewကို အပြည့်အဝ ခံစားနေတုန်း အနောက်က တစ်ယောက်ယောက်ရဲ့ သိုင်းဖက်ခြင်းကို ခံလိုက်ရတာကြောင့် အနည်းငယ် ပြုံးမိသည်။

"ဘာလို့ အစောကြီး ထသွားတာလဲငယ် အိပ်မပျော်ဘူးလား "

"အိပ်ပျော်ပါတယ် မနက်ခင်း Viewလေး ကြည့်ချင်လို့ "

"ငယ့်နားက အန့ံလေးက မွှေးနေတာပဲ ရေတောင် ချိုးပြီးသွားပြီလားငယ် "

"အင်း....မောင်ပဲ ကျန်တော့တာ ရေချိုးဖို့ကို၊ မြန်မြန်သွားချိုး....ငယ် ဗိုက်ဆာနေပြီ"

"ဟုတ်ကဲ့ပါဗျာ.......ပြွစ်"

"ဟာ....မောင် တအား ညစ်ပတ်တာပဲ မျက်နှာလည်း မသစ်ရသေးပဲ"

"ဟားးးဟားးးး"

"မောင် အကျင့်ပုတ်ကြီး"

ကျွန်တော် ရေချိုးပြီးထွက်လာတော့ ငယ်က ကုတင်ပေါ်မှာ မှောက်နေပြီ ဖြစ်သည်။ စာအုပ်ကို ဟိုလှန် ဒီလှန်နဲ့ ဘာတွေ ရှာဖွေ ဖတ်နေသည်မသိ၊ ကျွန်တော်လည်း အဝတ်အစားလဲလိုက်ကာ  ငယ့်ဘေးမှာ ဝင်လှဲလိုက်ရင်း

"ငယ်....ဘာတွေ စိတ်ဝင်စားနေတာလဲ"

"ဒီမှာလေ မောင့် Hotelက အခန်းပုံစံတွေ ကြည့်နေတာ"

"ဘယ်က ရှာတွေ့တာလဲ"

"မောင့် ဗီဒီူထဲက"

ပြောနေရင် ပက်လက်အိပ်နေသော ကျွန်တော့်ရဲ့ ရင်ဘတ်ပေါ်သို့ ငယ်က မှောက်လျက် လာအိပ်ပြန်သည်။ ငယ့်ရဲ့ ဆံပင်လေးကို ဖွလိုက်ရင်း

"ဗိုက်ဆာတယ်ဆို ငယ်.....မောင့်ပေါ်မှာ လာအိပ်ပြန်ပြီ"

"ဒီလို အိပ်ရတာ ​ကြိုက်တယ်"

ချစ်ခြင်း အစပျိုးရာ S1❤(Complete)Où les histoires vivent. Découvrez maintenant