Part 6*

28.9K 2K 27
                                    

ခန့်ညားပိုင် နိုးလာတော့ မရင်းနှီးတဲ့ အနံ့ မရင်းနှီးတဲ့ ပတ်ဝန်းကျင်ကြောင့် အနည်းငယ် တွေဝေသွားသည်။ နှစ်ယောက်အိပ် ကုတင်ပေါ်တွင် အိပ်ရာခင်းမှအစ ခြုံတဲ့စောင်ပါ အကုန် အဖြူရောင်သာ သုံးထားသည်။ ဘေးဘီလိုက်ကာတွေကိုလည်း ဆင်စွယ်ရောင် သုံးထားကာ မှောင်နေတဲ့ အခန်းကို အဝါကျင့်ကျင့် မီးရောင်လေးက အဖော်ပြုကာ လင်းနေသည်။

လက်မှာ ပတ်ထားတဲ့ နာရီကိုကြည့်တော့ မနက် ၈နာရီ ထိုးနေလေပြီ။ အိပ်ရာမှ ထလိုက်ကာ ခြေထောက်ကို ကြမ်းပြင်ချလိုက်တော့ အေးမနေပဲ နွေးထွေးတဲ့ ဓာတ်ကို ရလိုက်သည့ အကြောင်းက ဆင်စွယ်ရောင် သိုးမွေးကော်ဇောထက် ခြေချမိခြင်း၊ ဘေးမှာ ထားထားတဲ့ ဖိနပ်အပါးကို ယူစီးလိုက်ကာ လိုက်ကာကို ဆွဲဖွင့်လိုက်သည်။

မှန်တွေနဲ့သာ ဆောက်ထားပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်တော့လည်း အပင်များသာ ရှိသည်။ မနေ့က အဖြစ်အပျက် ပြန်တွေးဖို့ ဉီးနှောက်ကို အလုပ်ပေးလိုက်သည် ။

မနေ့က ပိုင်ပိုင်နဲ့ တူတူ အိပ်ပြန်လာတာပဲ မှတ်မိသည်ဆိုတော့ ဒါ ပိုင်ပိုင့်ရဲ့ အိမ်ဖြစ်မည် ထင်သည်။ အတွေးတွေ မဆုံးခင် ကြားလိုက်တဲ့ တံခါးခေါက်သံကြောင့် အတွေးတွေကို ဖြတ်တောက်လိုက်သည်။

တံခါးကို ဖွင့်လိုက်တော့ ပိုင်ပိုင်က ပြုံး၍ ရပ်နေသည်။

"ကိုကို နိုးပြီပဲ နေကောင်းသွားပြီလား"

"ကိုကို ဖျားသွားသေးတာလား"

"အင်း အဲ့တာကြောင့် စိတ်ပူလို့ အိမ်ကိုတောင် ပြန်မပို့ပဲ ဒီကို ခေါ်လာတာ"

"အာ ပိုင်ပိုင်တော့ ကိုကို့ကြောင့် အလုပ်တွေ ရှုပ်နေတော့မှာပဲ"

"ကိုကို အားနာရတဲ့ စကားတွေ မပြောနဲ့လို့"

ပုံမှန်တိုင်း အားနာတတ်တဲ့စိတ်ကြောင့် အားနာစကားဆိုလိုက်ပေမယ့် ပိုင်ပိုင်က မကြိုက်

"အင်းအင်း မပြောတော့ဘူး မျက်မှောင် ကျုံ့မထားနဲ့ ငယ်ငယ်အရွယ်ရွယ်နဲ့ အရေးအကြောင်းပေါ်နေဉီးမယ်"

"ကိုကိုက ကျွန်တော် မကြိုက်တာ ပြောတာကို"

"အဲ့လို မဟုတ်ဘူးလေ ကိုကိုလည်း ကိုကို့စိတ်ထဲက အမြဲတမ်းအားနာတတ်တဲ့ စိတ်က ရှိနေတာကို ကိုကို့ ညီလေးက အဲ့လို မကြိုက်ဘူးဆိုတော့ မပြောတော့ဘူး ဟုတ်ပြီလား"

ချစ်ခြင်း အစပျိုးရာ S1❤(Complete)حيث تعيش القصص. اكتشف الآن