Part 44*

15.1K 989 43
                                    

ကျွန်တော် ငယ့်ရဲ့ ခြေရာခံစက်အတိုင်း လာလိုက်ခဲ့သည်။ ကားမောင်းဖို့တောင် တုန်ယင်နေတဲ့ ကျွန်တော်ကြောင့် Jက ကိုယ်တိုင်မောင်းကာ ပို့ရသည်။

ငယ်ရဲ့ ခြေရာ ခံစက်ရပ်နေတဲ့ နေရာကို ​ြကည့်လိုက်တော့ ဂိုဒေါင်တစ်ခုပင် ဖြစ်သည်။ မြန်မြန်ဆန်ဆန်ပင် တံခါးအား ရုက်ချိုးကာ ဝင်လိုက်တော့ မတွေးထားမိတဲ့ ငယ့်ရဲ့ပုံစံကြောင့် ဒေါသက ပိုထွက်လာရသည်။

"ငယ်!!!!!!"

ကျွန်တော် ဘယ်သူ့ကိုမှ မကြည့်တော့ပဲ ငယ့်ဆီကို ပြေးသွားလိုက်သည်။ ခုံပေါ်မှာ ကြိုးတုပ်ခြင်းခံစားရတဲ့ ငယ်ဟာ အပေါ်ပိုင်း အကျီမရှိတော့သလို အောက်ကလည်း ဖရုိဖရဲ ဖြစ်နေသည်။

မျက်လုံးကိုတောင် မဖွင့်နိုင်သည်အထိ ငိုထားတဲ့ ငယ်က ဘယ်လောက်တောင် ကြောက်နေလိုက်မလဲ ရင်ဘတ်မှာ မိမိတောင် နာကျင်မှာစိုးလို့ မပေးရက်တဲ့ အမှတ်အသားတွေကြောင့် တောက်စ်တချက် ခေါက်လိုက်သည်။ ကျွန်တော် ငယ့်ကို ကြိုးတွေ ဖြည်ပေးနေတုန်း တစုံတယောက်ရဲ့ ဆွဲလှည့်ခြင်းကု် ခံလိုက်ရသည်။

"နက်ရှိုင်းသူ!!!!!"

ကျွန်တော့်ကို ဆွဲလှည့်လာတဲ့ လူရဲ့ မျက်နှာကိုကြည့်ကာ ဒေါသက ထိန်းမရပဲ တရစပ်ထိုးနေမိသည်။

"မင်းက....မင် ငါ့ရဲ့ အဖိုးတန်လေးကို ထိရလား!!!!"

"ထိုး မင်းကြိုက်သလောက်ထိုး မင်းထိုးလည်း မင်းလူက သူများတွေ ထိထားတဲ့ သူဖြစ်သွားပြီ"

"မင်းပါးစပ်ကို ပိတ်ထား!!!!"

"အဟက်.......မင်းထိုး ငါ့ကို ကြိုက်သလောက်ထိုး ကိုယ်ချစ်ရတဲ့သူထိုးတဲ့ လက်သီးကိုတော့ ငါ ခံနိုင်ရည်ရှိပါသေးတယ်"

"ဘာ!!!!!မင်း"

ထိုစဉ်ညငယ့်ရဲ့ ခေါ်သံ စူးစူးဝါးဝါးကို ကြားလိုက်ရသလို Davidတို့ ခေါ်သံကိုလည်း ကြားလိုက်ရသည်။

"မောင်!!!!!"

"Boss!!!"

နောက်ဆုံး ကျွန်တော် မလှည့်ကြည့်မိခင် ကျွန်တော့်ခါးကို လာဖက်တဲ့ ငယ့်ကြောင့် နွေးထွေးသလို ခံစားရသည်။ ခနတာ ငြိမ်သက်မိသည်အထိ ငယ့်ဆီက ဘာသံမှ ထွက်မလားခဲ့ပေ။

ချစ်ခြင်း အစပျိုးရာ S1❤(Complete)Where stories live. Discover now