"ဘာတွေ ပြောနေတာလဲ ငယ်၊ မောင်က ဘာလို့ ငယ့်ကို ထွက်သွားခို်င်းစေချင်ရမှာလဲ"
"မင်းက ထွက်သွားလို့ မနှင်ထုတ်ခင်.....ဟင့်.....ထွက်သွားမှာ အင့်....."
"ခနလေး ငယ်၊ ခနလေး မငိုနဲ့တော့၊ ပိစိလေးအတွက် မကောင်းသလို ငယ့်အတွက်လဲ မကောင်းဘူးလေနော်၊တိတ် မောင်ချော့မှာမို့
အခုတော့ အငိုတိတ်တော့နော်....."".........."
အနားက စားပွဲပေါ်မှာတင်ထားတဲ့ ေရခရားထဲက ရေကို ဖန်ခွက်ထဲထည့်ပြီး အရင်တိုက်လိုက်သည်။ ပြီးနောက် ငယ့်ကို ရင်ခွင်ထဲ ထည့်ကာ ကျောလေးကို ပွတ်ပြီး ခန အနားပေးလိုက်သည်။အနည်းငယ် အဆင်ပြေလာပြီလို့ ထင်ရတဲ့အချိန်ရောက်တော့ ငယ့်ကို ရင်ခွင်ထဲက ဆွဲထုတ်ကာ ငယ့်လက်လေးကို ဆုပ်ကိုင်လိုက်ပြီး
"ငယ်.....မောင် ငယ့်ကို ဘယ်လောက်ချစ်လဲဆိုတာ သိတယ်မလား၊ မောင့်မှာ စိတ်မကြည်တဲ့အချိန် ဖြစ်နေတော့ မောင် စိတ်မထိန်းနိုင်ပဲ ဖြစ်သွားတာပါ၊ ငယ့်ကို မောင်က ထွက်သွားစေချင်လို့ မဟုတ်ပါဘူး၊ ငယ် သိတဲ့အတိုင်း မောင်က စိတ်တိုလွယ်ပြီး စိတ်မထိန်းနိုင် ဖြစ်တတ်တဲ့ သူမျိုးလေ၊ ဒါပေမယ့် ငယ့်ကြောင့် အနည်းငယ် ပြောင်းလဲလို့ ရခဲ့ပေမယ့် ဒီနေ့ တော်တော် ဒေါသထွက်သွားခဲ့လို့ မစဉ်းစားမိပဲ ဖြစ်သွားတာပါ"
"ငြိုငြင်လာရင်လည်းပြော၊ ငါ အရင်ကတည်းကပြောပြီးသား ငါထွက်သွားဖို့ ဝန်မလေးဘူး၊ ငါ့ကလေးအတွက် ငါကိုယ်တိုင် ရှာကျွေးနိုင်တယ် မင်းဆီကလည်း ဘာမှ မယူသွားဘူး စိတ်ချ"
"ငယ် မောင်က အဲ့သဘော ဖြစ်စေချင်တာ မဟုတ်ပါဘူးကွာ၊ မောင် မှားသွားတာ မောင် တောင်းပန်ပါတယ်"
မင်းနဲ့ငါလို့ သုံးနှုန်းပြီးပြောနေတဲ့ ငယ့်ကြောင့် ရင်ထဲမှာ နာကျင်ရသည်။ ခေါ်လေ့ခေါ်ထမရှိတဲ့ စကားတွေက ကျွန်တော့်အတွက် အစိမ်းသပ်သပ်ဖြစ်နေသည်။
"မောင့်ကို စကားလေး ပြန်ပြောပါဉီး၊ မောင် တောင်းပန်ပါတယ်"
"ငါ အိပ်တော့မှာ"
"ငယ်"
"ဘာမှ လာမပြောနဲ့"ဆိုကာ စောင်ကို ခေါင်းထိ ခြုံကာ အိပ်သွားသည်။ ငယ့်ကို အတင်းအကျပ် မလုပ်ချင်တာကြောင့် အနားယူဖို့သာ အခန်းထဲ ထားခဲ့လိုက်သည်။
VOUS LISEZ
ချစ်ခြင်း အစပျိုးရာ S1❤(Complete)
Roman d'amourငယ်ကလွဲရင် ဘယ်သူ့ကိုမှ အာရုံထဲ ရှိမနေဘူးဆိုတာ ယုံပါ By နက်ရှိုင်းသူ မောင့်အချစ်က ငယ့်အပေါ် စစ်မှန်ပါေစလို့ မျှော်လင့်တယ် By ခန့်ညားပိုင်