Paet 17*

23.6K 1.6K 15
                                    

ဒီနေ့ ခန်ညားပိုင်မှာ Dutyချိန်မရှိသလို နက်ရှိုင်းသူကလည်း အလုပ်ပိတ်ရက်ဖြစ်တာကြောင့် နှစ်ယောက်သား အိမ်မှာ ရှိနေကြသည်။ နက်ရှိုင်းသူသည် Sofaတွင်ကာ စာအုပ်ဖတ်နေသော ခန့်ညားပိုင်၏ ပေါင်ပေါ်သို့ ခေါင်းအုံးကာ ဝင်အိပ်လိုက်သည်။

"ငယ်"

"ဟင်"

"မောင် U. Sသွားဖို့ ကိစ ပေါ်လာပြန်ပြီ "လို့ ပြောလိုက်တော့ မျက်မှန်အောက်ကနေ ငုံ့ကြည့်လာသော ငယ်

"ဘယ်လောက် ကြာမှာလဲ"

"မပြောတတ်ဘူး ငယ် "

"သွားရမယ် ဆိုတော့ သွားပေါ့"

"မောင်တော့ ငယ့်ကို လွမ်းနေတော့မှာပဲ"

"ပြန်လာရင် မတွေ့ရတဲ့ သူတွေမှ မဟုတ်ပဲ"

"ဒါပေမယ့်လည်း ခွဲရတာက ခွဲရတာပဲလေ ငယ် ပြီးရင် ဟိုဘက်နဲ့ ဒီဘက်က အချိန်လည်း မတူဘူး"

"မတူလည်း ဘာဖြစ်လဲ ဖုန်းခေါ်လို့ ရတာပဲလေ"

"ငယ် လိုက်ခဲ့ပါလားဟင်"

"မောင်...ငယ် အလုပ်တွေ သွားရဉီးမှာလေ"

"မောင် ခွင့်ယူပေးမယ်"

"မောင်.....ကလေး မဆန်စမ်းနဲ့ အလုပ်ကို ဖြောင့်ဖြောင့်တန်းတန်း သွားပြီး ဖြောင့်ဖြောင့်တန်းတန်း ပြန်လာ မဟုတ်လို့ကတော့ ငယ့်အကြောင်း သိတယ်နော် "

ထိုစကားက ဘာကို ဆိုလိုလဲ ကျွန်တော် သိသည်။ ဘာအနာတရမှ မပါပဲ အိမ်ပြန်လာဖို့ သွယ်ဝှိုက်ကာ ပြောလိုက်ခြင်းသာ

"ဟူးးးး တကယ် မလိုက်ဘူးပေါ့"

"မလိုက်ဘူး ပြန်လာမှ ငယ့်ကို ကြိုက်သလောက်တွေ့"

"အင်းပါ ငယ့်သဘော ဒါနဲ့ ငယ်ဘာတွေ ဖတ်နေတာလဲ"

"ဆေးပညာ စာအုပ်"

"ငယ် ဆရာဝန်လုပ်ရတာ အရမ်းဝါသနာ ပါလားဟင်"

"ပါတာပေါ့ ငယ်ငယ်တည်းက မက်ခဲ့တဲ့ အိပ်မက်ပဲလေ တကယ် လက်တွေ့မှာ လုပ်ရတော့လည်း လူနာတွေကြောင့် ပျော်ရတယ် ငိုရတယ် သူတို့ရဲ့ စိတ်လေးတွေကို မြှင့်တင်ပေးနိုင်တယ် သူတို့လေးတွေနဲ့ နေရတာ ပျော်လာတယ်"

ချစ်ခြင်း အစပျိုးရာ S1❤(Complete)Où les histoires vivent. Découvrez maintenant