"ငယ်"
"ပြောလေ မောင်"
ငယ်က အဝတ်အစားလဲနေရာမှ လှည့်မကြည့်ပဲ ပြန်ဖြေလေသည်။ ဒီနေ့ ငယ်က ဆေးရုံဆောက်နေတဲ့ မြေနေရာအား ကြည့်ချင်သည်ဆိုတာကြောင့် ပြင်ဆင်နေခြင်းဖြစ်သည်။"Companyအရင်သွားပြီးမှ ညနေ ပြန်ခါနီး Siteထဲ ဝင်ကြည့်မယ်လေနော် "
"အင်းဟင်"
"အဲ့သွားတဲ့ ချိန်ကျမှ မောင် လာကြိုမယ်လေ"
"မောင် ဘယ်လိုတွေဖြစ်နေတာလဲ ဘာလဲ Companyမှာ တိတ်တိတ်ပုန်းတွေ ထားနေတာလား ပြော"
"မဟုတ်ဘူးလေ ငယ်ရာ မောင်က ငယ် Companyမှာ ပျင်းနေမှာ စိုးလို့ပါ"
"မောင် ရှိနေတာပဲ ပျင်းစရာလား"
"အင်းအင်း ငယ် အဆင်ပြေရင် ပြီးရော"
"မောင် သိပ်မရိုးသားဘူးနော် "လို့ပြောလိုက်တော့ ကျွန်တော့်ရဲ့ နောက်ကျောမှာ ရပ်ကာ ခါးကို ဖက်ပြီး လည်ပင်းကို နမ်းရှိုက်နေတော့သည်။
"မောင် ဘာမှ မရိုးသားတာ မလုပ်ထားဘူး ဟုတ်ပြီလား"
"သွားမယ် လာချွဲမနေနဲ့"
"အင်းအင်း"
At Company......
ထုံးစံအတိုင်း မောင်က meetingသွားလိုက် အလုပ်တွေ စီမံလိုက်နဲ့ အလုပ်တွေ ရှုပ်နေသည်။
ကျွန်တော့်မှာ သူ့ကို ကြည့်ပြီး ခေါင်းထဲမှာပင် ရှုပ်လာသည်။ မောင့်ရဲ့ အလုပ်ခုံတွင်ထိုင်လိုက်ကာ ထည့်နေကျဖြစ်တဲ့ ဆေးစာအုပ်ကို ထုတ်ကာ ဖတ်လိုက်သည်။
နက်ရှိုင်းသူသည် အလုပ်တွေပြီးသွား၍ ခန့်ညားပိုင်ကို ကြည့်လိုက်တော့ ခုံထက်တွင် ခေါင်းမှောက်ကာ အိပ်နေလေသည်။ နက်ရှိုင်းသူသည် စားပွဲခုံပေါ် ထိုင်လိုက်ကာ ခန့်ညားပိုင်ရဲ့ ခေါင်းအား ဖွဖွလေး ပွတ်ပေးနေသည်။
*ပြောသားပဲ နေခဲ့ပါဆို အခုတော့ အိပ်ပါပျော်နေပြီ ကိုယ်က နားစေချင်လို့ အိမ်မှာ ပြောလိုက်တာကိုတောင် ပြန်ပြီး မရိုးသားတာလား ပြောလိုက်သေးတယ် ငယ်ကတော့ တကယ်ပါပဲကွာ မဖြစ်သေးပါဘူး ထမင်းစားဖို့ နှိုးမှပဲ*
![](https://img.wattpad.com/cover/238616352-288-k551557.jpg)
VOCÊ ESTÁ LENDO
ချစ်ခြင်း အစပျိုးရာ S1❤(Complete)
Romanceငယ်ကလွဲရင် ဘယ်သူ့ကိုမှ အာရုံထဲ ရှိမနေဘူးဆိုတာ ယုံပါ By နက်ရှိုင်းသူ မောင့်အချစ်က ငယ့်အပေါ် စစ်မှန်ပါေစလို့ မျှော်လင့်တယ် By ခန့်ညားပိုင်