"ပြပါဉီး မောင့်ကို၊ ဟောဒီ ဗိုက်လေးထဲမှာ ပိစိလေး ရောက်လာပြီပေါ့"
"အင်း"
"နောက်ဆိုရင် မောင့်ကလေးလေးအပြင် ပိစိလေးပါ ထပ်တိုးလာပြီဆိုတော့ အချစ်တွေ အများကြီးပေးရတော့မှာပေါ့"
"မောင်က မပေးချင်ဘူးလား"ဆိုကာ မျက်ဝန်းထဲက ခြောက်လက်စ မျက်ရည်လေးနဲ့ ကျွန်တော့် ပေါင်ပေါ် ထိုင်နေတဲ့ ငယ်ဟာ နှုတ်ခမ်းလေးပင် ဆူထားသည်။ အသည်းယားအောင် လုပ်နေတဲ့ ငါ့်ရဲ့ နှုတ်ခမ်းလေးကို ဖိနမ်းလိုက်ကာ
"မပေးစရာလား မောင့်ကလေးလေးက ပိစိလေးရှိလာတော့ ပိုတောင် ချစ်ဖို့ကောင်းလာတယ်"
"မောင်က ချစ်ဖို့မကောင်းဘူး ဆိုးတယ်"
"ဘာဖြစ်ပြန်ပြီတုန်း အသဲတုန်းလေးရဲ့"
"မောင် ကိုယ်ကိုကိုယ် ဒဏ်ရာ ရအောင် လုပ်လာတယ်လေ"
"ဒါက မောင့်အတွက် ပါးပါးလေးပါ ငယ်ရဲ့"
"ငယ်အတွက် မပါးဘူး"ဆိုကာ မျက်စောင်းထိုးရင်း တဖက်ကို လှည့်သွားသည်။ သို့သော် ကျွန်တော့် ပေါင်ပေါ်ထက်ကတော့ မဆင်း
"မောင့်ကို ဆေးမထည့်းေပးချင်ဘူးလား"
"မထည့်ပေးဘူး"
"တကယ် မထည့်ပေးဘူးပေါ့"
"........"
ကျွန်တော်လည်း ငယ့်ရဲ့ ဗိုက်ပေါ် လက်လေးတင်လိုက်ကာ
"ပိစိရေ မင်းပါးပါးကလေ ဒယ်ဒီကို အနိုင်ကျင့်နေတယ်"
"မောင် ဘာဖြစ်နေတာလဲ"
"ငယ်ကမှ မောင့်ဘက်မပါတာ၊ ပိစိလေးကို အကူအညီတောင်းရတာပေါ့"
"အမြင်ကို ကပ်တယ် သွား....ဆေးဘူးသွားယူ"
"ပြွစ်.....ဒီလိုမှပေါ့ ငယ်ရဲ့"
ကျွန်တော်လည်း အခန်းထဲမှာ ထားလေ့ရှိတဲ့ ဆေးဘူးကိုဘယူကာ ငယ့်ရှေ့ထိုင်လိုက်ပြီး ငယ်က ကျွန်တော် ဖရုိဖရဲစီးထားတဲ့ ပတ်တီးကို ဖြည်ချကာ
"ကျိုးသွားအောင် ချိုးလိုက်ပါလား"
"ငယ်ကလည်း"
ကျွန်တော့်ကို ဆူပူနေပေမယ့် ကျွန်တော့်လက်ကို ဆေးထည့်တော့ ညင်ညင်သာသာ ထည့်ပေးသည်။
BẠN ĐANG ĐỌC
ချစ်ခြင်း အစပျိုးရာ S1❤(Complete)
Lãng mạnငယ်ကလွဲရင် ဘယ်သူ့ကိုမှ အာရုံထဲ ရှိမနေဘူးဆိုတာ ယုံပါ By နက်ရှိုင်းသူ မောင့်အချစ်က ငယ့်အပေါ် စစ်မှန်ပါေစလို့ မျှော်လင့်တယ် By ခန့်ညားပိုင်
