ကျွန်တော် ဆေးရုံမှာ ရက်အနည်းငယ် နေပြီးနောက် အိမ်ကိုပဲ ပြောင်းကာ နားနားနေနေ နေဖို့ ဆုံးဖြတ်လိုက်သည်။ မောင်ကလည်း ဘာမှ မလုပ်ဖို့ မှာထားတာမို့လည်း ပါတယ်။ ကျွန်တော် ဒဏ်ရာ ရပြီးကတည်းက မောင်က ကျွန်တော့်ကို ခေါင်းအစ ခြေအဆုံး သူပဲ လိုက်လုပ်ပေးသည်။
မောင် ကျွန်တော့် ဒဏ်ရာတွေ ဆေးလိမ်းပေးတိုင်း ငိုသည်။ မျက်ရည်တွေ ကျွန်တော် မမြင်အောင် ခိုးသုတ်သည်။ သို့သော် ကျွန်တော် မြင်လျက်နဲ့ မမြင်ချင်ယောင်ဆောင်ခဲ့ရသည်။
စိတ်နဲ့ လူနဲ့ မကပ်သလို ဖြစ်ကာ တချိန်လုံး မှိုင်နေတဲ့ မောင့်ကို ဘယ်လို အားပေးရမလဲ တွေးမတတ်တော့လောက်အောင်အထိ ဖြစ်လာသည်။
ကျွန်တော် နိုးနေပေမယိ့ မောင်ကတော့ အိပ်မောကျဆဲပင်ဖြစ်သည်။ မောင်က ကျွန်တော့်ကို ဖက်ထားသည်ကြောင့် တဖြည်းဖြည်းညောင်းလာပြီး အနည်းငယ် လှုပ်ရှားမိတော့ မောင်က နိုးလာပြန်သည်။
"ငယ် ဘာလိုလို့လဲ"ဆိုတဲ့စကားကို အရင်ပြောသော မောင်၊ ကျွန်တော် အိမ်မှာ အနားယူကတည်းက အိပ်ရာနိုးလာတိုင်း မေးလေ့ရှိသည့် မေးခွန်းဖြစ်သည်။ တခုခုကို စိုးရိန်နေသည့်အလား ဖြစ်နေတဲ့ မောင့်ကို အပြစ်မမြင်ရက်ပါ။
"မလိုပါဘူးမောင်ရဲ့ အိပ်လေ မောင်.....အိပ်ရေးမဝသေးဘူးမလား"
"အာ...မအိပ်တော့ပါဘူး ငယ်တောင် နိုးနေပြီကို..... ထ ရေချိုးပေးမယ် "ဆိုကာ ကျွန်တော့်ကို ဆွဲထူပေးပြီး ရေချိုးခန်းထဲဝင်ကာ အသင့်ပြင်နေတော့သည်။
ကျွန်တော့်ကို ရေချိုးပေးပြီးသည်နှင့် မောင်က မနက်စာစားဖို့ ကျွန်တော့်ကို ပွေ့ချီပြီး ထမင်းစားခန်းထဲ ခေါ်သွားသည်။ ထမင်းစားခန်းထဲ ရောက်တော့လည်း စားတာကအစ သူ ခွ့ံကျွေးရမှ ကျေနပ်ပေသည်။
မနက်ခင်းလိမ်းရမယ့်ဆေးရှိတာကြောင့် မောင်က ကျွန်တော့်ကို ကုတင်ပေါ်မှာ မှောက်အိပ်စေပြီး ဆေးလိမ်းပေးနေလေသည်။ ကျွန်တော့် ကျောပေါ် ကျရောက်လာတဲ့ ပူနွေးနွေး အစက်လေး တစ်စက်ကြောင့် မောင် ငိုနေမှန်းသိလိုက်သည်။ ကျွန်တော်လည်း ဆေးလိမ်းပြီးနောက် ထိထိုင်လိုက်ကာ မောင့်ရဲ့ လက်နှစ်ဖက်အား ဆုပ်ကိုင်လိုက်ပြီး
VOCÊ ESTÁ LENDO
ချစ်ခြင်း အစပျိုးရာ S1❤(Complete)
Romanceငယ်ကလွဲရင် ဘယ်သူ့ကိုမှ အာရုံထဲ ရှိမနေဘူးဆိုတာ ယုံပါ By နက်ရှိုင်းသူ မောင့်အချစ်က ငယ့်အပေါ် စစ်မှန်ပါေစလို့ မျှော်လင့်တယ် By ခန့်ညားပိုင်