Part 7*

28.1K 1.8K 11
                                    

ခန့်ညားပိုင်သည် နက်ရှိုင်းသူ အခန်းထဲမှ ထွက်သွားတော့ အရုပ်ကြိုးပြတ် ထိုင်ချလိုက်သည်။ ဖြူစင်လွန်းတဲ့ ကလေးတစ်ယောက်အဖြစ် သတ်မှတ်ထားတဲ့ သူက ကျွန်တော့်ကို ချစ်သည်တဲ့။ အဲ့စကားဟာ နားထဲမှာ သံရည်ပူလောင်းထည့်လိုက်သလိုပင် ဘာလို့ သူ့အလှည့်ကျမှလဲ ဘာလို့လဲ

ဘယ်အချိန်ကတည်းက မှားယွင်းနေခဲ့တာလဲ၊ နှစ်ယောက်သား တွေ့ဆုံခွင့် ပေးခဲ့တဲ့ ကံတရားကိုပဲ အပြစ်တင်ရမလား၊ ကိုယ်ကိုကိုယ်ပဲ အပြစ်တင်ရမလား၊ ယောက်ျားလေးနှစ်ယောက်ရဲ့ ခင်မင်ရင်းနှီးမှုကနေ သံယောဇဉ်တွေ ငြိတွယ်မိသွားသည်ကြောင့်လား၊ တွေးရင်းတွေးရင်း မျက်ရည်ပူတွေက တစိမ့်စိမ့် ကျဆင်းနေသလို ဝမ်းနည်းလာကာဆို့တက်လာတာကြောင့် ဒူးခေါင်းကို လက်နှစ်ဖက်နဲ့ပိုက်ကာ အော်ငိုမိသည်။

....................

ကိုကို့ကို ပေါက်ကွဲမိတဲ့ စိတ်အားလုံးအား အခန်းထဲရှိ ပစည်းတွေကို ပစ်ပေါက်ကာ ဖြေသိမ့်လိုက်သည်။ ထို့နောက် သောက်နေကျ ဆေးလိပ်ကို ထုတ်လိုက်ပြီး မီးညှိကာ သောက်လိုက်သည်။ မပြောချင်ခဲ့ပါ စဉ်းစားခဲ့သည်က အေးအေးသာသာ ချစ်ခွင့် ပန်ဖို့

သို့သော်လည်း အခြေအနေက မပေးသလို စိတ်ကိုက နည်းနည်းလေးဆို ဒေါသထွက်တတ်တဲ့ စိတ်ကြောင့် ပြောမိပြောရာပြောလိုက်သည်။ သို့သော်လည်း ကျွန်တော့် သူ့ကို အပိုင်ရချင်သည်။

........................

1ပတ်လောက် ကြာသည်အထိ နှစ်ယောက်သား တစ်အိမ်ထဲမှာ နေပြီး မတွေ့ဖြစ်ကြပေ။ ခန့်ညားပိုင်သည် အိမ်အောက်သို့ မဆင်းပဲ ထမင်းစားမဆင်းပေမယ့် အချန်မှန် အလုပ်သမားလေး နှစ်ယောက်က စားချိန်ရောက်တိုင်း လာပို့သည်။

သူဘယ်မှာလဲဆိုတာ ကျွန်တော် မမေး၊ သိလည်း မသိချင်၊ ကျွန်တော် ထွက်သွားဖို့ ပြောပေမယ့် အကုန်လုံးကို ကျွန်တော့် မထွက်သွားအောင် စောင့်ကြည့်နေဖို့ ခိုင်းထားသည်တဲ့။ ဘယ်လို အခြေအနေမျိုးလဲ အသက်ရှင်လျက်နဲ့ အကျယ်ချုပ်ကျနေသလိုပင် ဆေးရုံကိစကိုလည်း ဘယ်လို စီမံထားသည်ကို မသိရ၊ ကျွန်တော့် လုပ်ပိုင်ခွင့် အကုန် သူ့ဆီရောက်နေသလိုဖြစ်နေသည်။

ချစ်ခြင်း အစပျိုးရာ S1❤(Complete)Donde viven las historias. Descúbrelo ahora